ကြားရတဲ့ သတင်းတွေကတော့ သိပ်မကောင်းဘူးဗျာ။ အဝေးသင်တွေကို နိုဝင်ဘာ ၉ ရက်နေ့လောက် အရောက် သက်ဆိုင်ရာတက္ကသိုလ်ကောလိပ်တွေကို အနီးကပ်သင်တန်းတွေ လာတက်ဖို့ အမိန့်ထုတ်ထား ကြောင်း ကြားနေရပါတယ်။ မဲပေးရမှာက နိုဝင်ဘာ ၈ ရက်နေ့ပါ။ မဲမေးပြီး နောက်တစ်နေ့ သက်ဆိုင်ရာ ကျောင်းတွေကို အရောက်သွားဖို့ဆိုတာ ရပ်ဝေးက ကျောင်းသားတွေအတွက် မဖြစ်နိုင်ပါ။
အနီးကပ်သင်တန်းတွေ တက်ဖို့အတွက် အဆောင်ငှားနေနိုင်ဖို့ကအစ၊ သွားရေးလာရေး၊ နေရေးထိုင်ရေး အခက်အခဲတွေကို ကိုယ့်ဘာသာကိုယ် ဖြေရှင်းကြရမှာဖြစ်လို့ သတ်မှတ်ရက်မတိုင်မီ ဝေးတဲ့ဒေသကလူတွေ ဆိုရင် တစ်ပတ်လောက်ကြိုပြီးတော့ကို အရောက်သွားကြရပါတယ်။
အဲဒီ ကျောင်းသားတွေကို မဲမပေးနိုင်အောင်များ ရည်ရွယ်ချက်ရှိရှိနဲ့ အဆင့်မြင့်ပညာကလုပ်နေသလားဗျာ။ ဒီသတင်းက ကျွန်တော့်အကြားပဲရှိပါသေးတယ်။ တစ်နိုင်ငံလုံး အဝေးသင်ကျောင်းသားအရေအတွက် ဘယ်လောက်တောင်ရှိမလဲ။ သူတို့အားလုံး ၈ ရက်နေ့မဲထည့်ပြီး ၉ ရက်နေ့ သက်ဆိုင်ရာ တက္ကသိုလ်ကောလိပ် အရောက်သွားနိုင်မှာလား။ သူတို့အတွက် မဲပေးနိုင်ရေး ဘယ်လိုများ စီစဉ်ပေးထားသလဲ။ ကျောင်းသားတွေရဲ့ မဲစီးဆင်းမယ့် လားရာကို သိနေလို့ ဒီလိုရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာလား ဝိုင်းဝန်းဆွေးနွေး ပေးကြပါဦး ခင်ဗျာ။
အရေးမကြီးဘူးလို့ ထင်ရပေမယ့် ရည်ရွယ်ချက်ရှိရှိ ယုတ်မာမှုတစ်ခုကို ပူးပေါင်းလုပ်ကြံရာမှာ ပညာရေးဌာနက လူတွေလည်း ပါဝင်နေတယ်ဆိုရင် သမိုင်းတရားခံဖြစ်သွားမှာ စိုးရိမ်လို့ပါ။
Close classes in order to rent it,Visit Living on my own challenges because they must deal with people in the area prior to the date away from it and then when they get a week.
The students could not vote intentionally and advanced knowledge that you are doing it.There are between news.Distance how benefit or the number of students nationwide.8 9 vote on all of them concerned will be able to go to college.They have to plan how to vote with pomegranate.Flowing black students do not really know what have you done this intentionally because I need talk about you.
Matters worse, although I think intentionally If you are involved in the use of Education conducted strike Defendant may not be history become feared.
No comments:
Post a Comment