Showing posts with label ပြည်တွင်း သတင်း. Show all posts
Showing posts with label ပြည်တွင်း သတင်း. Show all posts

Thursday, September 24, 2015

တိုင်းရင်းသားတွေ လက်နက်ကိုင်ရတဲ့ အကြောင်း အစိုးရ သိမှသာ နိုင်ငံရေး ပြဿနာ ဖြေရှင်းနိုင်မယ် လို့ဆို




မြန်မာနိုင်ငံ အတွင်းမှာ ရှိတဲ့ တိုင်းရင်းသား လူမျိုးစုတွေ လက်နက် ကိုင်ဆောင် ရတဲ့ အကြောင်း အရင်းကို အစိုးရ အနေနဲ့ သိမှသာ လက်ရှိ ကြုံတွေ့ နေ ရတဲ့ နိုင်ငံရေး ပြဿနာ တွေ ကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက စက်တင်ဘာ ၂၁ ရက်နေ့က မော်လမြိုင်မြို့မှာ ကျင်းပတဲ့ ပထမ အကြိမ် မြန်မာနိုင်ငံ အရှေ့တောင် ဒေသ အရပ်ဘက် လူမှု အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ညီလာခံမှာ ပြောကြား ခဲ့ပါတယ်။


ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်း ဒေသကြီးတွေမှာ ရှိတဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ စုပေါင်းကျင်းပတဲ့ အဲ့ဒီညီလာခံမှာ လက်နက် ကိုင်ဆောင်တာကြောင့် နိုင်ငံရေးပြဿနာတွေ ဖြစ်ပေါ်လာတာ မဟုတ်ဘဲ၊ နိုင်ငံရေးပြဿနာ ရှိလာတဲ့ အတွက်သာ တိုင်းရင်းသားလူမျိုးစုတွေ လက်နက်ကိုင်ရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“ကျွန်တော်တို့အားလုံးရဲ့ လိုလားချက်၊ ကျွန်တော်တို့အားလုံးရဲ့ အကျိုးစီးပွားက ဘာလဲ၊ ကျွန်တော်တို့ ဖက်ဒရယ် ပြည်ထောင်စုကို ထူထောင်ချင်တယ်။ ကျွန်တော်တို့တိုင်းပြည်မှာ ဒီမိုကရေစီ ပေါ်ထွန်းစေချင်တယ်။ လူ့အခွင့်အရေး တွေလည်း ပြည့်ဝစေချင်တယ်။ ကျွန်တော်တို့ရဲ့ အနာဂတ်ဘဝတွေ လှပစေချင်တာပဲ ဖြစ်တယ်” လို့ သူက ဆိုပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးပြီးမှသာ နိုင်ငံရေးဆွေးနွေးမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်တာကြောင့် NCA စာချုပ်မှာ တိုင်းရင်းသားအားလုံး ပါဝင်ဖို့ လိုအပ်တယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန်က ပြောပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အကြား နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီးမှသာ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုခြင်းဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မယ့် အပြင် ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး အခြေခံမူဘောင်လည်း ဖြစ်တယ်လို့ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

The Voice Weekly

Original link - https://www.facebook.com/thevoiceweekly?fref=photo

မြန်မာကလေး ၁၀ သန်းကျော် ဆင်းရဲ မွဲတေမှု ရင်ဆိုင်နေရဟု Unicef နှင့် Save the Children ပူးတွဲ ထုတ်ပြန်




ရန်ကုန်၊ စက်တင်ဘာ ၂၃

မိသားစု တစ်ဦးချင်း ဝင်ငွေ နေ့စဉ် နှစ်ဒေါ်လာ အောက်သာ ရရှိမှုကြောင့် မြန်မာ ကလေး သူငယ် ၁၀ သန်းကျော်မှာ ဆင်းရဲ မွဲတေမှုဖြင့် ရင်ဆိုင် နေရကြောင်း Unicef နှင့် Save the Children တို့က ပူးတွဲ ထုတ်ပြန် လိုက်သည်။


ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ်ရှိ Summit ParkView ဟိုတယ်၌ စက်တင်ဘာလ ၂၃ ရက်နေ့က ပြုလုပ်သည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ယင်းသို့ ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။

အစိုးရ၏ ပြုပြင်ပြောင်းလဲမှုမှာ ကလေးများ အတွက် အကျိုးရှိ ခဲ့သော်လည်း ၎င်းတို့ အတွက် အဓိက ကျသည့် လုပ်ငန်း များတွင်မူ ရင်းနှီးမြှုပ်နှံမှု မလုံလောက် သေးကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ သန်းခေါင်စာရင်းအရ လက်ရှိလူဦးရေ၏ ၃၄ ရာခိုင်နှုန်းသည် ကလေးများဖြစ်ပြီး ဆင်းရဲမှုနှင့် ရင်ဆိုင်နေရသည့် လူဦးရေ၏ ထက်ဝက်ပမာဏ ရှိကြောင်း၊ ကလေးငယ် ၃၀ ရာခိုင်နှုန်းမှာ သန့်ရှင်းသည့် သောက်သုံးရေမရရှိဘဲ ကျန်လေးပုံ လေးပုံတစ်ပုံမှာ အိမ်သာသုံးစွဲနိုင်ခြင်း မရှိကြောင်း အဆိုပါအဖွဲ့များ၏ တာဝန်ရှိသူများက ပြောဆိုသည်။

“ကလေးတွေ ဆင်းရဲမှုထဲ ရောက်ရှိနေတဲ့ နေရာမှာ ဒီလိုကြီးမားတဲ့ ကိန်းဂဏန်းတွေ တွေ့ရင် ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေခက်ပြီး အကုန်ကျများနိုင်တယ်လို့ တွေးမိကောင်း တွေးမိနိုင်ပါလိမ့်မယ်။ အဲဒီလိုတွေးတာ မမှန်ပါဘူး။ ကလေးတွေ ရှင်သန်သင်ယူနိုင်ဖို့နဲ့ ကာကွယ်စောင့်ရှောက်မှုရဖို့ နည်းလမ်းတွေ ရှိပါတယ်” ဟု Save the Children မှ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Mr. Kelly Stevenson က ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု ၀ ဒသမ ၆ ရာခိုင်နှုန်းသာ သုံးစွဲရုံဖြင့် မွေးကင်းစအရွယ်မှ အသက် ၂ နှစ်အထိ အာဟာရနှင့် အသက်ရှင်နိုင်မည့် အခွင့်အလမ်းများကို ထောက်ပံ့နိုင်မည်ဖြစ်ကြောင်း UNICEF မှ မြန်မာနိုင်ငံ ဌာနေ Mr. Bertrand Bainvel က မှတ်ချက်ပြုသည်။

“နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ကလေးသူငယ်များအရေး ဦးစီးပေး လုပ်ဆောင်ပေးဖို့ နှိုးဆော်ပါတယ်။ ကလေးများအတွက် ရင်းနှီးမြုပ်နှံပြီး မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုကို လုံခြုံစိတ်ချရအောင် လုပ်ဆောင်ကြဖို့ လိုပါတယ်” ဟု ၎င်းက တိုက်တွန်းပြောကြားသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ အနေနှင့် ကလေးသူငယ်များ၏ အခွင့်အရေးကို ပါတီမူဝါဒများတွင် ထည့်သွင်းဆောင်ရွက် အကောင်အထည်ဖော်နိုင်ရန် ကလေးသူငယ် အခွင့်အရေး ဆောင်ရွက်ရေးအဖွဲ့ (NCRWG) ဝင်များ၏ အစီအစဉ်ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကလေးများနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တွေ့ဆုံသွားမည်ဖြစ်ကြောင်း Unicef နှင့် Save the Children ကိုယ်စားလှယ်များက ပြောဆိုသည်။

The Voice Weekly

Original link - https://www.facebook.com/thevoiceweekly?fref=photo

သာပေါင်းမြို့ ဒီချုပ်ပါတီ၏ မဲဆွယ် စည်းရုံးရေး ဆိုင်းဘုတ် ဖျက်ဆီးခံရ



လာမည့် ရွေးကောက်ပွဲ တွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ဧရာ ၀တီတိုင်း ဒေသကြီး သာပေါင်းမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ် လောင်းများ ပုံပါရှိသည့် မဲဆွယ် စည်းရုံးရေး ဆိုင်းဘုတ် တစ်ခု စက်တင်ဘာ ၂၂ ရက် ညက ဖျက်ဆီးခံ ခဲ့ရကြောင်း သတင်း ရရှိသည်။


သာပေါင်းမြို့ အမှတ်(၁)ရပ် ကွက် ကညင်ချောင်းရပ်ရှိ ဘုန်း ကြီးကျောင်းရှေ့တွင် ဆိုင်းဘုတ် စိုက်ထူထားပြီး ယင်းနေ့ ည ၁၀နာရီခန့်က ပိုစတာအား ဆုတ်ဖြဲကာ စိုက်ထူထားသည့်တိုင်များ တစ်စစီဖြစ်သည်အထိ ဖျက်ဆီး ခဲ့သည်ဟု သာပေါင်းမြို့နယ် ဒီချုပ်ပါတီအတွင်းရေးမှူး၊ မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် အမတ်လောင်း ဦးအောင်အောင်ဦးက ပြောသည်။

‘‘ဒါဟာ ရည်ရွယ်ချက်ရှိရှိ လုပ်တာဖြစ်ပါတယ်။ ကျွန်တော် တို့ ဥပဒေအတိုင်းပဲ ဆက်လုပ် သွားပါမယ်’’ဟု ဦးအောင်အောင် ဦးကပြောသည်။

အဆိုပါဆိုင်းဘုတ်ဖျက်ဆီး ခံရသည့် ညတွင်ပင် သာပေါင်း မြို့နယ်ဒီချုပ်ပါတီအလုပ်အမှု ဆောင်အဖွဲ့က ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ မြို့နယ်ကော် မရှင်နှင့် မြို့မရဲစခန်းတို့၌ အဆို ပါဖြစ်စဉ်ကို သွားရောက်အသိ ပေးအမှုဖွင့်ထားကြောင်းသိရ သည်။

‘‘ရဲစခန်းမှာလာပြီး အမှုဖွင့် ထားပါတယ်။ အကျိုးဖျက်ဆီးမှု ဖြစ်နေတော့ ပုဒ်မ ၄၂၇နဲ့ တရား စွဲရမှာပါ။ ရဲစခန်းမှာ တိုင်ချက် တော့ ရယူထားပြီးပါပြီ။ တရားရုံး ကို ဦးတိုက်လျှောက်ဖို့အတွက် ပုံ စံ(က)(ခ)တင်ပေးဖို့စီစဉ်ပြီးပါပြီ’’ ဟု သာပေါင်းမြို့မရဲစခန်းမှူးရဲ အုပ်ဇော်ဝင်းအောင်က ပြော သည်။

လာမည့်ရွေးကောက်ပွဲ၌ သာပေါင်းမြို့နယ်တွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ ဒီမိုကရက်တစ် ပါတီ(မြန်မာ)၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုး တိုးတက်ရေး ပါတီ၊ တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေး ပါတီနှင့် ကရင်ပြည်သူ့ ပါတီတို့မှ ပြည်သူ့ လွှတ်တော်အ တွက် ကိုယ်စားလှယ်လေးဦး၊ အ မျိုးသား လွှတ်တော် အတွက်ကိုယ် စားလှယ်လောင်းလေးဦး၊ တိုင်းဒေသကြီး လွှတ်တော်အတွက် ကိုယ်စားလှယ် ၁၁ဦးတို့ ၀င်ရောက်ရွေး ချယ်ခံ ရမည်ဖြစ်ကြောင်းသိရ သည်။

ယင်းအပြင် တိုင်းရင်းသား ရေးရာကိုယ်စားလှယ်လောင်း များလည်း သာပေါင်းမြို့မှ ၀င် ရောက်ရွေးချယ်ခံမည်ဖြစ်သည်။

By - သက်ဆွေ

Original link - http://www.7daydaily.com/story/47067

Wednesday, September 23, 2015

မဲဆန္ဒရှင် ပညာပေး လုပ်ငန်းတွေ စီစဉ် ဖေါ်ထုတ်ပေးဖို့ တိုက်တွန်း


ရွေးကောက်ပွဲ စောင့်ကြည့်ရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး သြဂုတ်လ ၁ဝ ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ PACE အဖွဲ့က သတင်းစာ ရှင်းလင်းစဉ်။ Photo: Thiha Tun / RFA

သက်ဆိုင်ရာက ထုတ်ပြန် ထားတဲ့ မဲစာရင်း တွေကို မဲဆန္ဒရှင်တွေ ကြည့်ရှုနှုန်း မြင့်မားလာ စေအောင် ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေး ပါတီနဲ့ အရပ်ဘက် လူမှုအဖွဲ့ အစည်းတွေ ပူးပေါင်းပြီး မဲဆန္ဒရှင် အသိပညာပေး လုပ်ငန်းတွေ အရှိန်မြင့် ဆောင်ရွက်ဖို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့ဖြစ်တဲ့ People's Alliance for Credible Elections (PACE) အဖွဲ့က တိုက်တွန်း လိုက်ပါတယ်။


PACE အဖွဲ့ဟာ မဲစာရင်းစတင်ထုတ်ပြန်တဲ့ရက်ကနေစပြီး စက်တင်ဘာ၂၀ရက်နေ့အထိ ပြည်နယ်နဲ့ တိုင်းအသီးသီးက မြို့နယ်ပေါင်း ၁၁၀ မှာလေ့လာစောင့်ကြည့်ပြီး အခုလိုတိုက်တွန်းတာဖြစ်တယ်လို့ အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

"တစ်ပတ်ကြာ ကျနော်တို့ မဲဆန္ဒရှင်စာရင်းကြေညာတာကို စောင့်ကြည့်ခဲ့တယ်၊ အဲဒါစောင့်ကြည့်တာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ကနဦးအစီရင်ခံစာကိုထုတ်တာပါ၊ အဓိက ကျနော်တို့ သုံးသပ်တဲ့အပိုင်းက အရေးအကြီးဆုံးအချက်တစ်ချက် ပြောရမယ်ဆိုရင် ရွေးကောက်ပွဲယုံကြည်မှုပေါ့၊ မဲဆန္ဒရှင်အများအပြား မဲစာရင်းကို သွားမကြည့်ဖြစ်တော့ သူတို့ရဲ့နာမည်တွေ မဲစာရင်းမှာမပါဘူးဆိုလို့ရှိရင် ရွေးကောက်ပွဲနေ့ကျမှ အဲ့ဒါကိုသိရမယ်၊ အဲ့ဒီအခါကျမှ မဲရုံရှေ့မှာ မဲမပေးရဘဲ ပြန်သွားရမယ့်လူတွေများမယ်၊ ဒါရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာလား ရည်ရွယ်ချက်မရှိဘဲလုပ်တာလားအပေါ်မှာ အငြင်းပွားစရာတွေဖြစ်လာနိုင်တယ်၊ ပဋိပက္ခတွေဖြစ်လာနိုင်တယ်"

အဖွဲ့အနေနဲ့ မဲစာရင်းကြေညာထားတဲ့နေရာပေါင်း ၄၂၁ နေရာကို လေ့လာစောင့်ကြည့်ခဲ့တာဖြစ် ပြီး နေရာတော်တော်များများမှာ သတ်မှတ်ထားတဲ့ရက်နဲ့ အချိန်အတိုင်း ကြေညာထားတာမတွေ့ရဘူးလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မဲစာရင်းအမှားကို ပြင်ဆင်၊ ဖြည့်စွက်ကန့်ကွက်သူ အရေအတွက်နည်းပါးပြီး စောင့်ကြည့်ခဲ့တဲ့နေရာတွေထဲ က ၄၂ရာခိုင်နှုန်းဟာ မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းနဲ့ အသိပညာပေးစာရွက်စာတမ်း၊ ပစ္စည်းတွေကို မဲစာရင်းကြေ ညာတဲ့နေရာနဲ့ အနီးတ၀ိုက်မှာ ထားထားတာမတွေ့ရဘူးလို့ပြောပါတယ်။

PACE အဖွဲ့ဟာ ၂၀၁၅ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တရားဝင်မှတ်ပုံတင်ထားတဲ့အဖွဲ့ဖြစ်ပါတယ်။

RFA Burmese

Original link - https://www.facebook.com/RFA-Burmese-39218993127/timeline/

Friday, September 4, 2015

MPT နာရီတိုင်းမှာ ၅ မိနစ်စာ အစီအစဉ်

နာရီတိုင်းမှာ ၅ မိနစ်စာ အစီအစဉ်အရ ဆွေသဟာအသုံးပြုသူများသည် MPT ဖုန်းများသို့ တစ်နာရီအတွင်း ကြိုက်သလောက် ဆက်တိုက်ပြောပြီး အများဆုံး ၅ မိနစ်စာပဲ ကျသင့်မှာဖြစ်ပါတယ်ဗျာ ညနေ ၆ နာရီ မှ ည၁၀ နာရီအတွင်းမှလွဲ၍  ကျန်အချိန်များတွင် “နာရီတိုင်းမှာ ၅ မိနစ်စာ”  အစီအစဉ်ကို ကြိုက်သလောက် (အကြိမ်အရေအတွက် အကန့်အသတ်မရှိ) စက်တင်ဘာလ ၃၀ရက်အထိ
အသုံးပြုနိုင်ပါပြီဖြစ်ပါတယ်.)

Call any MPT phone numbers for 1 hour (a continuous call), and pay for only 5 minutes. This promotion is not applicable in the evenings from 6pm-10pm and it will revert back to the normal voice tariff (23 Ks/min). Make unlimited "5 minutes and 1 hour" calls until 30th September!












On Facebook










Sunday, August 30, 2015

တယ်လီနော ရဲ့ စူပါပွား အစီအစဉ်

တယ်လီနောမှ စူပါပွား အစီအစဉ်ကိုမိတ်ဆက်ပေးလိုက်ပါပြီ။ အသုံးပြုသူ ၁၀သန်း ကျော်ရှိပြီး အလွန်လျှင်မြန်စွာ တိုးလာလျှက်ရှိတဲ့ တယ်လီနော အသုံးပြုသူများ အချင်းချင်း တစ်မိနစ်ကို ၁၈ ကျပ်တည်းဖြင့် ဖုန်းပြောဆိုနိုင်မည့် အခွင့်အရေး ဖြစ်ပါတယ်။ တယ်လီနော မဟုတ်သော အခြား မိုဘိုင်း အော်ပရေတာ များကို အသုံးပြုနေသေးတဲ့ မိသားစုများ၊ မိတ်ဆွေ သူငယ်ချင်းများနှင့် ဆက်သွယ်ရန်အတွက်လည်း အလွန်သက်သာသော နှုန်းထားသစ် တစ်မိနစ် ၂၃ကျပ်ဖြင့် ခေါ်ဆိုနိုင်ပါပြီ။ လျှင်မြန်သော အင်တာနက် ကိုလည်း ၁ မီဂါဘိုက်လျှင် ၆ ကျပ်နှုန်းဖြင့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ စူပါပွား အစီအစဉ်ကို အသုံးမပြုလိုတော့လျှင်လည်း မူလ အခြေခံ ဈေးနှုန်းအစီအစဉ်သို့ လွယ်ကူလျှင်မြန်စွာပြန်လည် ပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။ စတင်အသုံးပြုရန်အတွက် 365 သို့ "SUP ON" ဟု SMS ပေးပို့နိုင်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဒီမှာ မှာဝင်ရောက်ကြည့်ရှူနိုင်ပါပြီခင်ဗျာ








On Facebook