Friday, September 25, 2015

မြန်မာ့ တစ်နိုင်ငံလုံး အလိမ်ခံရတော့မှာလား ...............

တနိုင်ငံလုံး အလိမ်ခံရတော့မှာလား…
လူဦးရေ သန်း ၅၀ ကျော်လောက်ရှိတဲ့ နိုင်ငံမှာ ရွေးကောက်ပွဲအတွက် မဲလက်မှတ်ပေါင်း သန်း ၁၀၀ ကျော် ရိုက်နှိပ်ဖို့ လုပ်နေပါတယ်…
အတိအကျပြောရရင် မဲလက်မှတ်ပေါင်း ၁၂၅.၅ သန်းဖြစ်ပါတယ်…
တိုင်းပြည်မှာ ရှိတဲ့လူဦးရေထက် ထက်ဝက်ကျော်တဲ့ မဲလက်မှတ်တွေဟာ ဘယ်နေရာမှာ အသုံးချကြမှာလဲ…
လတ်တလောမှာတော့

၃၀% သာ မှန်ပါတယ်လို့ပြောထားတဲ့ မဲစာရင်းမှာ ၇၀% မဲစာရင်းဟာ လုံးဝရိုးသားခြင်းမရှိဘူးလို့ ဝန်ခံလိုက်တာပါ…
ကိုယ့်အိမ်ထောင်စုထဲမှာ လူဦးရေ အယောက် ၃၀ကျော်နေတာ…
ကိုယ့်ရပ်ကွက်ရဲ့ လမ်းအဆုံးမှာ
ကိုယ်မသိတဲ့ အိမ်နံပါတ်တွေနဲ့ လူဦးရေစာရင်းတွေ ထပ်တိုးထားတာ…
ကိုယ့်နာမည်က နာမည်တူတွေ များနေတာ…
‪#‎ကိုယ့်နာမည်တူတွေမှာလည်း‬ မဲစာရင်းနံပါတ်စဉ်တပ်ပေးထားလို့ အဲ့ဒီနာမည်တူတွေရဲ့ မဲနံပါတ်တွေဟာ မဲခိုးဖို့အကောင်းဆုံးပါပဲ…
ကိုယ်က ကိုယ့်နာမည်ပါရင်ပြီးရော ထားလိုက်ပေမဲ့
နာမည်တူတွေရဲ့ မဲနံပါတ်တွေဟာ သူတို့အတွက် မဲလိမ်ဖို့ထည့်ထားခြင်းပါပဲ…
အလားတူ အိမ်ထောင်စုထဲက လူဦးရေအယောက် ၃၀လောက်တိုးထားခြင်းဟာလည်း မဲစာရင်းနံပါတ်ကို တရားဝင်ဖြစ်အောင်လုပ်ခြင်းပါပဲ…
ရပ်ကွက်အဆုံးမှာ အိမ်နံပါတ်တွေထပ်တိုးပြီး
လူဦးရေထပ်တိုးထားခြင်းဟာလည်း မဲစာရင်းနံပါတ်တရားဝင်ဖြစ်အောင်လုပ်ခြင်းပါပဲ…
အဲ့လို မဲစာရင်းနံပါတ်စဉ်တွေကို မှားသလိုလိုနဲ့ အပိုထည့်ထားခြင်းဟာ
အခု ရိုက်နှိပ်တော့မဲ့ မဲလက်မှတ်ပေါင်း ၁၀၀ ကျော်အတွက် ဖြစ်ပါတယ်…
ဒီရွေးကောက်ပွဲဟာ ဘယ်လိုနည်းနဲ့မှ တရားမျှတခြင်း မဖြစ်နိုင်တော့ပါဘူး…
တနိုင်ငံလုံးကို မဲစာရင်းအလိမ်တွေနဲ့ အာဏာထပ်ယူဦးမဲ့ လုပ်ကြံချက်ပါပဲ…
ရွေး/ကော် တင်အေးကို ဒီအတိုင်းပဲကြည့်နေကြမှာလား!





























































No comments:

Post a Comment