Friday, September 25, 2015

ဘုန်းကြီးဝတ်နဲ့တော့ စကားပြောဆင်ခြင်သင့်ပါတယ်

ဝီရဒူရေ. ကိုယ်ကျောင်တိုက်မှာသုံးထားတဲ့
မီးအားမြှင့်စက်နှဲ့ အင်ဗာတာက စွမ်းအားတံဆိပ်
သုံးထားတာ အဲ့ဒါ၇၈၆ ကုလားအောင်ဇော်ဝင်
ရဲ့ဟာတွေးသိလာ သူများကိုပြောရင် ကိုယ်အရင်
ကင်းအောင်လုပ် သိအောင်လုပ်
လူမျိုးရေးသွေးထိုးတာမကောင်းပါ။
ကုလားလူမျိုး၆၀ရှိပါတယ်။ဗုဒ္ဓမြတ်စွာက
လည်း သက်ကျသာကီဝင် ကုလားလူမျိုးဖြစ်
ပါသည်။ဗြဟ္မနလလမ်းစဉ်မိဘမများမှပေါက်
ဖွားသူဖြစ်ပါတယ်။မြန်မာလူမျိုးဆိုတာ
မြန်မာအစတကောင်းက ဟုဆိုထားသဖြင့်
မြန်မာလူမျိုးပေါ်ပေါက်လာခြင်းမှာနှစ်၁၀၀၀
ခန့်သာရှိပါသေးသည်။ဗုဒ္ဓ၏တရားတော်များ
မှာမြန်မာလူမျိုးသီးသန့်အတွက်ဟောကြား
ထားခြင်းမဟုတ်ဘဲ လူမျိုးမရွေးဘာသာ
မရွေး လူ နတ် ဗြဟ္မာ သတ္တဝါ အားလုံးအ
တွက် တပြေးညီဟောထားတဲ့ စင်္ကြာဝဠာ
အနန္တ မှန်ကန်တဲ့တရားတွေပါ။အသားမဲလို့
ဘာသာခြားမို့လို မြန်မာမဟုတ်လို့ ဆိုပြီး
ပြောခြင်တိုင်း ပြောလို့ မရပါဘူး။မည်သူမဆို
ကိုယ်ပြုတဲ့ ကံ ကိုယ်ပြန်ခံရမှာပါ။ဒီနေရာမှာ
စကားစပ်လို့ လူမျိုးခြားတွေက ဗုဒ္ဓအဆုံးအမ
ကိုနှစ်သက်လို့ ဗုဒ္ဓဘာသာခံယူရင် ဗုဒ္ဓအဆုံး
အမကိုတိတိကျကျလိုက်နာပြီး ကံငါးပါးကိုလုံ
အောင်ထိန်းကြပါတယ်။မြန်မာတွေကတော့
ဟိုမရောက်ဒီမရောက် အရက်သောက်
အခြောင်လိုခြင်လို့ ချဲထိုး ထီထိုး တဝမ်းတခါး
စီးပွါးရှာတာ သမ္မာအာဇီဝ မကျ မဂ္ဂင်ရှစ်ပါး
တရားနားမလယ်ဘဲ သူတပါးကို ပုတ်ခတ်
ပြောဆိုပြီး အချိန်တိုင်း မစ္စရိယများနေတဲ့
ဦးဝိရသူလိုပါဘဲ။လူမပြောနဲ့ သံဃာအချင်း
ချင်းတောင် သင်းလိုက်ခွဲနေတာ သူ့စေတနာ
သူ့ကိုအကျိုးပြန်ပေးပါလိမ့်မယ်။ ။


မိတ္ထီလာအဓိကရုဏ်းမဖြစ်ခင်မှာ ဝီရသူက တရားပလ္လင်ပေါ်ကနေ ဒေါ်စုနဲ့ NLD ကို လူတွေမုန်းတီးစေဖို့ ဒီလိုမျိုး ဝါဒမှိုင်းတိုက်ခဲ့တယ်…

ဒေါ်စုရဲ့ ကားကို မောင်းတဲ့ဒရိုင်ဘာကုလားကို မွတ်စလင်ဆိုပြီး လုပ်ကြံဟောကြားခဲ့ပါတယ်…
ဒါပေမဲ့ ဒေါ်စုရဲ့ ကားဒရိုင်ဘာက ဟိန္ဒူကုလား ဗုဒ္ဓဘာသာဝင်ဆိုတာ ဒီဗီဒီယိုထဲမှာ သက်သေပြထားပါတယ်…

ရဟန်းဘောင် ၄ကြိမ်တိုင်တိုင် ဝင်ဖူးတဲ့ ဗုဒ္ဓဘာသာ ဟိန္ဒူကုလားကို ကုလားဆိုတာနဲ့ပဲ မွတ်စလင်ဆိုပြီး ဝါဒဖြန့်တိုက်ခိုက်ခဲ့ကြတာပါ…

ဦးတည်တိုက်ခိုက်တာက ဒေါ်စုကိုပါ…

ဒီနိုင်ငံမှာ အသားမည်းမည်းနဲ့ မုတ်ဆိတ်မွှေးရှိရင် မွတ်ကုလားဆိုပြီး ဦးနှောက်ထဲရိုက်သွင်းခဲ့ကြတာ ၉၆၉ တဖြစ်လဲ မဘသတွေပါပဲ…

သူတို့တွေကြောင့် ဘာသာရေး လူမျိုးရေး အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာခဲ့ပြီး ယခုထိတိုင် ကုလားဆိုတဲ့ စကားလုံးကို ပါးစပ်ဖျားမှ မချနိုင်အောင် အသိဥာဏ်ပျက်စီးသွားကြပါတယ်…

သွေးထိုးလှုံ့ဆော်မှုတွေကို အသိ သတိနဲ့ ဆင်ခြင်ကြဖို့ လိုပါတယ်…



ဒေါ်အောင်ဆန်းစုကြည်၏ ယဉ်မောင်းကို
ဦးဝီရသူက ဤသို့ မုသားစကားဆိုပြီး

အမျိုးသားရေးအမည်ခံများက လူမှုကွန်ယက်တွင်
ဤသို့ လုပ်ကြံတိုက်ခိုက်သည်



























No comments:

Post a Comment