Showing posts with label အချစ်ကဗျာများ. Show all posts
Showing posts with label အချစ်ကဗျာများ. Show all posts

Monday, June 15, 2015

အချစ်ဝိဥာဉ် ၀ှက်တမ်း


မမ်မိုရီထဲမှာ တန်ပိုတွေ များလွန်းလို့ ...

အလွမ်းတစ်ချို့ကို  သော့ခတ်ထားချင်လည်း ...

" ... မင်း ဘယ်လောက်ပဲ မူးမူး သတိရခြင်းတွေက လူမမှားဘူး ... " တဲ့

တစ်ညလုံး

ပင့်ကူအိမ်ထဲ ခုန်ချလိုက်ပါတယ် ..... ။

Password ထည့်ထားတဲ့ ငါ့မျှော်လင့်ချက်က -


* ယုယုယယနဲ့ အတူတကွနေကြမယ့် နေ့လေး *

စာရင်း ဇယားနဲ့ အတိကျဖော်ပြရရင်

ကတိစကားတစ်ခွန်းကလွဲပြီး

သေချာရေရာမှုမရှိသေးတဲ့ နေ့စွဲတစ်ခုပေါ့ ...

ရင်ဘက်ထဲက ပြည့်နက်နေလည်း -

အိပ်ကပ်ထဲမှာ လေခိုနေတော့ -

နံနက်စောစောမှာပဲ နေဝင်ခံခဲ့ရတယ် ..... ။

ဝမ်းမနည်းပါဘူး ...

ငါ့ဘက်က သက်သေတွေ သုံညနဲ့ ညီမျှသ၍ -

မည်သူမဆို လွတ်လပ်စွာ သံသယ ဝင်နိုင်ပါတယ်လေ .....

ချစ်သူ ...

အကူအညီလိုတိုင်း ဘုရားသခင်ကို ဖုန်းဆက်ရမှာလား ... ?

မင်းနားလည်အောင် စကားထာဖွက်ရရင် -

ငါက -

ဆုတောင်းခြင်းကို ဘယ်က စရမှန်းမသိခဲ့သူပါ ..... ။










Thursday, June 11, 2015

ရုပ်သေးတစ်ရုပ် ရဲ့ အနာဂတ်

အလွမ်းရဲ့ပြုစားခြင်းမှာ ရူးသွပ်နေတုန်း

ချစ်သူက အမုန်း စကားဆိုတယ် ...

မငိုပေမယ့် ...

အလိုလို ကျလာတဲ့ မျက်ရည်ရဲ့သဘာဝမှာ -

အိပ်စက်ခြင်းတွေ ပျောက်ရှခဲ့ရ ..... ။

လောလောဆယ်မှာတော့ -

လက်တွေ့ကျကျ မေးခွန်းတစ်ခုရှိတယ် ...
2 - 1 =  ?

( နှစ် ထဲက တစ်ကို နုတ်ရင် ဘာကျန်မလဲ )

သင်္ချာလိုတွက်ရင်တော့ ရှင်းရှင်းလေးပေါ့ -

ဒါပေမယ့် ...

အချစ်စစ်ရဲ့ သီအိုရီမှာတော့ -

နှစ် ထဲက တစ်ကို နုတ်ရင် ရင်ကွဲပက်လက်ကျန်ခဲ့မှာပါ    ..... ။

ကိုယ် ကိုယ်တိုင်က ကဗျာတစ်ပုဒ်ဆို -

အချစ် အက္ခရာကို ဘယ်မှာ သွားရှာမလဲ ... ?

သူ - မရှိလို့မဖြစ်တာသိရက်နဲ့

ဒီရင်ဘက်ကို ကြက်ခြေခတ်ဖို့ ကြိုးစားခဲ့တာလား  ....

ရုပ်သေးတစ်ရုပ်ရဲ့ အနာဂါတ်အတွက်

ကကြိုးတွေ ပေးခဲ့ပါဦးသခင် .....  ။       ။