ကော့သောင်း စက်တင်ဘာ ၂၂
(မြန်မာ) ကော့သောင်း - (ထိုင်း) ရနောင်း နယ်စပ် တစ်လျှောက် ဖြတ်သန်း သွားလာသူ ပြည်သူ များအား ထိုင်းနိုင်ငံ ရနောင်းမြို့ လူဝင်မှုကြီး ကြပ်ရေး ဌာနမှ စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းမှ စတင်၍ နယ်စပ် ဖြတ်သန်းခ ကောက်ခံမှု နှုန်းထားအား လျှော့ချ ကောက်ခံ လျက်ရှိကြောင်း သိရသည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်မြို့များဖြစ်သည့် ကော့သောင်းမြို့မှ ရနောင်းမြို့သို့ နိစ္စဓူဝ အပြန်အလှန် ကူးသန်းသွားလာ ရောင်းဝယ်ဖောက်ကား လျက်ရှိသည့် နှစ်နိုင်ငံ ပြည်သူ များအား လူတစ်ဦးလျှင် ယခင်ကာလက ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဌာနမှ နယ်စပ်ဖြတ်သန်းခနှုန်းထား အဖြစ် ထိုင်းငွေ ၃ဝ ဘတ်နှုန်း ကောက်ခံ နေခဲ့ရာမှ စက်တင်ဘာ ၁၉ ရက်မှစတင်၍ ၃ ဘတ်နှုန်းသို့ နောက်ဆုံး ထုတ်ပြန် ခဲ့သည့် ထိုင်းနိုင်ငံ၏ ခရီးသွားလာမှု ဆိုင် ရာ မူဝါဒအရ လျှော့ချကောက်ခံ ခြင်းဖြစ်ရာ ဒေသနေ ခရီးသွားပြည်သူများ၊ အခြေခံ လူတန်းစား ဈေးရောင်း ဈေးဝယ်များ ဝမ်းမြောက် ကြိုဆိုလျက် ရှိကြောင်း သိရသည်။
ဖြတ်သန်းရာတွင် ထိုင်းနိုင်ငံသို့အဝင် ခရီးသည်တင်ကူးတို့လှေ (ပဲ့ချိတ်)ပေါ်ပါ ခရီးသည်စာရင်းအား လှေမောင်းသူမှပြုစု၍ ထိုင်းရေဆိပ် လ.ဝ.ကရုံးသို့ တက်ရောက်သတင်းပို့ပြီး ခရီးသည်များအား ဓာတ်ပုံမှတ် တမ်း ရယူခြင်း၊ လိုအပ်သည့် ကိုယ်ရေး အချက် အလက်များ ဖြည့်စွက်ပြီး ဖြတ်သန်းခ ၃ ဘတ် ပေးသွင်းကာ ထိုင်းနိုင်ငံ နယ်နိမိတ် ၁၆ ကီလိုမီတာ အတွင်းသို့ ရက် သတ္တပတ်ကြာ နေထိုင် လည်ပတ် ဈေးရောင်း ဈေးဝယ် သွားလာနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ အထွက်တွင် မြန်မာ လူဝင်မှု ကြီးကြပ်ရေး ဌာန အနေဖြင့် နယ်စပ် ဖြတ်သန်းမှု အဖြစ် မြို့ခံပြည်သူ များအား နှစ်နှစ် သက်တမ်း သတ်မှတ် ထားသည့်Border Pass (BP) စာအုပ် ထုတ်ပေးပြီး ဖြတ် သန်းခအဖြစ် တစ်ဦးလျှင် ငွေကျပ် ၃ဝဝ၊ ဒေသခံ မဟုတ်သူ များအား ခရီး တစ်ခေါက်အတွက် ယာယီ Temporary Border Pass (TBP) ကတ်ဖြင့် ဖြတ်သန်းခ ငွေကျပ် ၁ဝဝဝ နှုန်း ကောက်ခံ ဖြတ်သန်း ခွင့်ပြုလျက် ရှိကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်းပြန်/ဆက်)
The Mirror Daily
Original link - https://www.facebook.com/TheMirrorDaily


No comments:
Post a Comment