Showing posts with label ဂမ္ဘီရ မှော် ဝိဇ္ဇာ ဂါထာမန္တရား ဆိုင်ရာများ. Show all posts
Showing posts with label ဂမ္ဘီရ မှော် ဝိဇ္ဇာ ဂါထာမန္တရား ဆိုင်ရာများ. Show all posts

Tuesday, September 8, 2015

ကဝေသာ ရ ကျမ်း ပ+ဒု

  တစ်လုံး ကြေ တောင်တွင်း ဆရာတော် ခင်ကြီးဖျော် ၏ ပထမ ဆရာသင် လက်စွဲ စာအုပ် တစ်အုပ် ဖြစ်တဲ့ ကဝေသာရ ကျမ်း (ပ) + (ဒု) လေးပါဗျာ. မှော် ပညာ အကြောင်း ကို  တစိတ် တပိုင်း က  လေ့လာနေကြ တဲ့ ညီငယ် ညီမ ငယ် တွေ နဲ့ အထက်လမ်း ပညာ ရပ် ကို သင်ယူ နေကြ တဲ့ ညီအကို မောင်နှမ များအတွက် လေ့လာ စေ ရန် ရည်ရွယ်ပြီး ပြန်လည် တင်ပေးလိုက်ပါတယ် ဗျာ. 

ရှေးခေတ် စကားလုံး အသုံး အနှုန်း များ ဖြင့် ရေးသား ထား ကာ တချို့ ပ ဟေဌိ ဆန် တဲ့  ဝေါဟာ ရ များ ပါဝင် တာကြောင့် ရှေး မီ နောက် မီ အသက်ကြီး ရွယ်အို များ ကို မေးမြန်း သင့်ပါတယ်.
ပယောဂ မျိုး စုံ ကုသ နည်း , စုန်း တို့အကြောင်း , စုန်း မြင် နည်း , နတ်နိုင် ဆေး , ပီယ ဆေး , ဂါထာ မန္တရား များ အပါအ၀င် တခြား အကြောင်းအရာ များ ကိုလေ့လာနိုင်မှာ ဖြစ်ပါတယ်ဗျာ. 


မှတ်ချက် - ဤ ပညာ ရပ် လေ့လာ သူ တစ်ယောက် အနေ နဲ့ ဂိုဏ်း တစ်ခုခု ၀င်ထား ခြင်း သို့ မဟုတ် သီလ သမာဓိ အပြည့်စုံ  ရှိသူ ဖြစ်မှ သာ စာအုပ် ပါ အကြောင်း အရာ များ သည် အကျိုးသက်ရောက် မှု ရှိ ပါ လိမ့်မည်. ( ရွှေရင်ကျော် ဆရာ - ကိုဖြိုးပိုင်)













Release name (အသစ် ထွက်ရှိတဲ့ အမည်)           : ကဝေဿ      ရ ကျမ်း ပ+ဒု
Website (မှုရင်းဆိုဒ်)                                        : Home Page
License (ခွင့်ပြုချက်)                                        : ShareWare
Language (ဘာသာစကား)                                     :  Myanmar
Size (ဖိုင်ဆိုဒ်)                                                : 8 MB
Os: (အသုံးပြုနိုင်သည့် OS)                                : Windows & Other
Download (ဒီမှာဒေါင်းပါ)                                   : ကဝေဿ ရ ကျမ်း ပ+ဒု
စာအုပ် တွေ ကို ဖတ်ရာတွင် လိုအပ်သော                : Adobe Reader For Android
                                                                   : Adobe Reader 11.0.10 For Windows  













  
How to Download Using Internet Download Manager (Internet Download Manager ဖြင့် ဘယ်လို ဒေါင်းလော့ လုပ်ရမလဲ)







                   

                  
                                      View Image Here (လုပ်နည်းကိုဒီမှာကြည့်ပါ)










*Important ! You will need to install HaoZip require for extract download files on my blog. because i am using .xz format its is hightly compress then winrar.* Thank  For Study my Blog.
(*အရေးကြီးလိုအပ်ပါတယ်! ကျွန်တော် Blog မှ ဒေါင်းလို့ ရတဲ့ Zip ဖိုင်များ ကို ပြန်ဖြည်နိုင် ဖို့ အတွက် မိတ်ဆွေ တို့ Computer မှာ HaoZip program အား Install လုပ်ထား ဖို့လိုအပ်ပါလိမ့်မည်. ကျေးဇူတင်ပါသည်.)










                                                         


                                                                            Download Here  















Monday, September 7, 2015

Mystery Magic Spells

မှော် ပညာ လေ့လာနေကြ တဲ့ မိတ်ဆွေ တွေ အတွက် အနောက်တိုင်း မှော် ပညာ Spells  စာအုပ် လေးပါဗျာ. စီးပွား ရေး , လူမှု ရေး , အချစ် ရေး စတာ တွေ အတွက် မှော် Spells အစုံအလင် ပါဝင် ပြီး မိမိ တို့ ဥာဏ်ရှိ သလို အသုံး ချ နိုင်ပါတယ်ဗျာ
စီစဉ်ထားသော စာမူကဏ္ဍများမှာ အောက်ပါအတိုင်းပဲ ဖြစ်ပါသည်။

(၁) ဂါထာမန္တန်ကဏ္ဍ (အနောက်တိုင်း နှင့် အရှေ့တိုင်း)
(၂) အဆောင်လက်ဖွဲ့များကဏ္ဍ (အနောက်တိုင်း နှင့် အရှေ့တိုင်း)
(၃) သမိုင်းကြောင်းကဏ္ဍ
(၄) ထူးခြားဆန်းပြားသတ္တ၀ါများကဏ္ဍ
- Monstar
- Angel
- Demon
- Fairy
- Other Creatures
(၅) လောကဓာတ်ပညာကဏ္ဍ
(၆) ဗေဒင်ကဏ္ဍ (ကိုဝေဠုကူညီ)
(၇) ဗဟုသုတကဏ္ဍ
- Crystal (ကျောက်အကြောင်းများ)
- ဆောင်းပါးများ
- မှော်ဝင်သီချင်းများနှင့်ပတ်သက်သောအချက်အလက်များ
- ကျမ်းညွှန်းစာအုပ်များ
- ၀တ္ထုတိုများ
- အခြားအကြောင်းအရာများ
(၈) လက်ဆောင်ကဏ္ဍ
(၉) သတင်းကဏ္ဍ
(၁၀) ထပ်တိုးကဏ္ဍ
Magic, a friend studying in the West , magic books Spells me back . Economic , social , love magic Spells  , complete knowledge can now be used.
























Release name (အသစ် ထွက်ရှိတဲ့ အမည်)           : Mystery Magic Spells
Website (မှုရင်းဆိုဒ်)                                        : Home Page
License (ခွင့်ပြုချက်)                                        : FreeWare
Language (ဘာသာစကား)                                     :  English & Myanmar
Size (ဖိုင်ဆိုဒ်)                                                : 2 MB
Os: (အသုံးပြုနိုင်သည့် OS)                                : Windows & Other
Download (ဒီမှာဒေါင်းပါ)                                   : Mystery Magic Spells
စာအုပ် တွေ ကို ဖတ်ရာတွင် လိုအပ်သော                : Adobe Reader For Android
                                                                   : Adobe Reader 11.0.10 For Windows  













  
How to Download Using Internet Download Manager (Internet Download Manager ဖြင့် ဘယ်လို ဒေါင်းလော့ လုပ်ရမလဲ)







                   

                  
                                      View Image Here (လုပ်နည်းကိုဒီမှာကြည့်ပါ)










*Important ! You will need to install HaoZip require for extract download files on my blog. because i am using .xz format its is hightly compress then winrar.* Thank  For Study my Blog.
(*အရေးကြီးလိုအပ်ပါတယ်! ကျွန်တော် Blog မှ ဒေါင်းလို့ ရတဲ့ Zip ဖိုင်များ ကို ပြန်ဖြည်နိုင် ဖို့ အတွက် မိတ်ဆွေ တို့ Computer မှာ HaoZip program အား Install လုပ်ထား ဖို့လိုအပ်ပါလိမ့်မည်. ကျေးဇူတင်ပါသည်.)










                                                         


                                                                            Download Here  















Saturday, September 5, 2015

ရွှေရင်ကျော်ဣစ္ဆသယ- မဟိဒ္ဓိစေဂိုဏ်းတော်ကြီးဖြစ်ပေါ်လာပုံ၊ ဘိုးတော်ဘုရားများ၏ ထွက်ရပ်ပေါက် (အကျဉ်း) နှင့် ထူးခြားချက်များ သမိုင်း

 ရွှေရင်ကျော်ဣစ္ဆသယ- မဟိဒ္ဓိစေဂိုဏ်းတော်ကြီးစလာပုံပြောပါဆိုလျှင် ကျွန်တော်တို့ ဆရာကြီး ဦးမြခင် (ခေါ်) အဖေကြီး ဦးမြခင်အကြောင်း အရင်ပြောမှဖြစ်မှာ၊ ရွှေရင်ကျော်နှင့် အဖေကြီး ဦးမြခင်ဆိုတာ ခွဲခြားမရအောင်ဖြစ်ရပါသည်။ ဒါကြောင့် ၄င်းတို့အဖေကြီးဦးမြခင်၏ မိန့်ကြားသွားသော နှုတ်တော်ထွက်ခဲ့သော မူရင်းအသံနှင့် ဆုံးမခဲ့သော မိန့်မှာခဲ့သော တိတ်ခွေမှ မှတ်တမ်းအရ၊ ပြောကြားချက်အရ ပြောရမည်ဆိုလျှင် ဂိုဏ်းတော်နှင့် ဘိုးတော်များ စလာပုံမှာ “မင်းသားကြီး ဦးအောင်က စလာတယ်” ဟုပြောပါရန် အဖေကြီး အမိန့်ရှိပါသည်။

            အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏သား ဘိုးတော်ဦးဝိုင်းနှင့် မင်းသားကြီး ဦးအောင်၊ နောက် ကိုရင်ကြီးတစ်ပါးရယ်၊ သူတို့ သူငယ်ချင်းသုံးယောက် ပါရှိတယ်၊ ၄င်းသုံးဦးကို ငယ်စဉ် အခါက ဆရာတော်ထံအပ်နှံပြီး ပညာသင်ကြားစဉ်က ဆရာတော်က ဘုရင်ဖြစ်မည့် မောင်ဝိုင်း ကို မင်းသားတို့တတ်အပ်သော အဌာရဿဆယ့်ရှစ်ရပ် ပညာများကို သင်ကြားပေး၍ ကိုရင်ကြီး ကိုမူ တရားဓမ္မများ သင်ကြားပို့ချပေးခဲ့သည်။
            မင်းသားကြီးဦးအောင်ကိုကျတော့ ငယ်စဉ်ကအထုံရေစက်ပါသောကြောင့် ထွက်ရပ် ပေါက် ပညာရပ်များကို ငယ်စဉ်ကပင် သင်ကြားပေးခဲ့ပါသည်။
            ဤကဲ့သို့ အရွယ်ရောက်ကြ၍ မိမိတို့ဘဝနှင့် မိမိတို့ ကျင့်ကြံနေထိုင်ခဲ့ကြသည်။ နောက်ဆုံးနန်းတွင်းအရေးတော်ပုံဖြစ်လာသောအခါမှာ- မင်းသားကြီးဦးအောင်က မောင်ဝိုင်း အားရှောင်တိမ်းနေစေခဲ့ပြီးနောက် မောင်ဝိုင်းကံဇာတာအထတွင် ထီးနန်းကို သိမ်းပိုက်စေခဲ့ သည်။ ထီးနန်းရလျှင် မဟာမျိုးမဟာနွယ်များကို သက်ဖြတ်ခြင်းမပြုရန် ကတိစကား ဦးဝိုင်းက ဆိုခဲ့ရသည်။
            ဤသို့ဖြင့် ဘိုးတော်ဦးဝိုင်းထီးနန်းရလာသည်။ ဘိုးတော်ဦးဝိုင်းသည် မိမိကတိသစ္စာ ဖောက်ဖျက်၍ ထီးနန်းရရှိသော မဟာမျိုးမဟာနွယ်များကို ကွပ်မျက်လိုက်သောအခါ မင်းသားကြီးဦးအောင်သည် ခွေးတစ်ထောင်ကို မြို့ဝန်၏ အိမ်ရှေ့တွင် ထမင်းကျွေးခဲ့သည်။
            ထိုအခါမြို့ဝန်က ဘာကြောင့်ခွေးတွေကို
ထမင်းကျွေးရပါသလဲဟုမေးသော ခွေးတွေ ဟာလူတွေထက် သစ္စာရှိတယ်။ လူတွေက သစ္စာမရှိဘူး၊ ယခုလိုထမင်းကျွေးရင် သခင်ကို သုံးနှစ်မမေ့ဘူး၊ တစ်ချို့ရှင်ဘုရင်တွေကခွေးလောက်မှ သစ္စာမရှိဘူး ဟူ၍            မြို့ဝန်အား 
မင်းသားကြီးဦးအောင်က ဖြေကြားသော် မြို့ဝန်မှတစ်ဆင့် ဘုရင့်အား သံတော်ဦး တင်တော့သည်။
            ဘိုးတော်ဦးဝိုင်းက မင်းသားကြီးဦးအောင်အား ဖမ်းဆီးရန် အမိန့်ပေးခဲ့လေသည်။ မင်းသားကြီးဦးအောင်သည် ဆွေမျိုးများပါ ခေါ်ယူ၍ အထက်အောက်မြန်မာပြည်အနှံ့ ထွက်ပြေး တိတ်းရှောင်နေခဲ့ရ၏။ နောက်ဆုံးမင်းသားကြီးဦးအောင် အဖမ်းခံခဲ့ပြီး လက်ညိုးထောင်လိုက်သော် လက်ညှိုးကအရောင်ကြာင့် အဆောင်ကိုင် အမှုထမ်းများ ဓါးကိုလျှက် အသေကဲ့သို့ ဖြစ်နေရကြောင်း၊ မင်းသစ္စာမရှိပေမယ့် မင်းရင်သွေးဖြစ်တဲ့ ငါ့မြေးကြရင် ငါကယ်ရဦးမယ် ပြောရယ် ထွက်သွားပါသည်။
            အဖေကြီးက မင်းသားကြီးဦးအောင်ရဲ့ တန်ခိုးတော်ကြာင့် ယခုဆေးတော်စစ်နှင့် ပညာယူသူတွေ ဟဲ့ကပ်ထားဆိုရင် ကပ်နေရတာ အဖဘိုးတော်အေး ၆နှစ်သား စင်္ကြာမင်း ဖုန်းတောင်းစင်္ကြာရှင်ဖြစ်တဲ့ ဘိုးတော်အေး စင်္ကြာရထိုက်တဲ့မင်းသား အဖဆရာဟန် ပညာ နှစ်ဆင့်မှာ ပြောခဲ့ပါသည်။
            အဖဘိုးတော်အေးသည် ဘိုးတော်ဦးဝိုင်း၏ သားအကြီး စစ်ကိုင်းမင်းသားနှင့် ပြည်မင်းသား၏သမီး စန္ဒာဒေဝီတို့ အကြောင်းပါ၍ မွေးသော ဘိုးတော်အေး ဖြစ်ပါသည်။ ဘိုးတော်အေး ၁၇နှစ်သား အရွယ်ထိ တာဝန်ယူပြီး သိမ်းဆီးထားခဲ့ရကြောင်း ၄င်းအထ္ထုပ္ပတ္တိကို ကတိသစ္စာစာအုပ်ထဲမှ မဟုတ်ကြောင်း အဖေကြီးပြောခဲ့ပါသည်။ အဖဘိုးတော်ဟန်က ရှေးရာဇဝင်ကို မှီး၍ပြောသွားပါသည်ဟု အမိန့်ရှိခဲ့ပါသည်။
            ဤသို့ အဖဘိုးတော်အေးအားကတ္တီပါအိမ်နှင့် ရေဆိပ်မျှောသောအခါ မင်းသားကြီး ဦးအောင်ရောက်လာပြီး ယမနေသားနှင့် ပြောင်းကာ အဖဘိုးတော်အေးကိုမူ ဝေလမြင်းနှင့် လွှတ်လိုက်၏။
            ဒါ့ကြောင့် ဘုရား၊တရား၊ သံဃာကို သက်ဝင်ယုံကြည်၍ လူတစ်ယောက်ကို လူလို မြင်ပါ။ လူကို လူလိုမြင်မှ ကိုယ်ချင်းစာတရားရှိတာဟု အဖေကြီးဦးမြခင် ဆုံးမခဲ့ပါသည်။
            အဖဘိုးတော်အေး ဝိဇ္ဇာဖြစ်သောအခါ မင်းသားကြီးဦးအောင်က ဆေးပစ္စည်းနှင့်တကွ ဖော်နည်းကိုပါ ပေးလိုက်သည်။ အဖဘိုးတော်အေးသည် လူကောင်းများကို မိစ္ဆာတွေလွှမ်းမိုးပြီး
ဘုရားသာသနာအရောင်မတောက်ဘဲ ညှိုနွမ်းမှာစိုးသည့်အတွက် ဣစ္ဆသယမဟိဒ္ဓိ စေ ဂိုဏ်းတော်ကြီးကို တည်ထောင်ခဲ့သည်၊ ထိုဂိုဏ်းတော်ကြီးတည်ထောင်ပြီးသော ဘယ်ပစ္စည်း တွေထည့်ရမှာလဲဟု စဉ်းစား၏။ စုန်း၊ ကဝေ၊ တစ္ဆေ မြေဖုတ်စည့် အောက်လမ်းမိစ္ဆာများကို လက်ဝါးဖြင့် တားရုံနှင့် ဖွဲပြာကျသလို ကျနိုင်သည်။ ဘုရားနှုတ်ကပါတ်တော်များ ရွတ်ဆိုရုံနှင့် အနိုင်ရရှိမည်။ သို့သော် လူအသွင် လူယုတ်၊ လူမိစ္ဆာများကို နိုင်ရန် ဘယ်သို့သော ပစ္စည်းများ ထည့်ရမှာလဲဟု စဉ်းစား၏။
            လူတစ်ယောက်က လူတစ်ယောက်ကို လူလိုမမြင်ခြင်း၊ လူတစ်ယောက်က လူတစ် ယောက်ကို မတရားပြောဆိုခြင်း၊ ဘုရားမှန်းမသိ၊ တရားမှန်းမသိ၊ သံဃာမှန်းမသိ မိမှန်းမသိ  ဖမှန်းမသိ၊ လူမှန်းမသိသော လူရမ်းကားလူမိစ္ဆာများ၏ စိတ်ကို ညှို့စေနိုင်သော အဂ္ဂမဟာဒေဝီ တောင်နန်းစံမိဖုရားခေါင်ကြီး၏ ပန်တော်ကျပန်း (၇)ပွင့်ကို ထည့်၏။
            တောင်နန်းစုံမိဖုရားခေါင်ကြီးဆိုသည်မှာ မင်းအဆက်ဆက်က ဆင်းသက်လာသော မင်းသားအစစ်နှင့် မင်းသမီးအစ်တို့ ညား၍မွေးပြီး တိုင်းပြည်တစ်ပြည်တွင် မင်းအဆက်ဆက် လက်ယာထား၍ စံစားရသော ဆင်းရဲသားနှင့် မနှော၊ ကုန်သည်နှင့် မရော၊ မည်သူနှင့်မျှ မဆိုင်သော ဘုန်းကံနှင့် ပြည့်သော မိဖုရားဖြစ်ပေသည်။ ကြီးသောသူကလည်း သမီးကဲ့သို့ တူမ ကဲ့သို့ ချစ်ခင်ကြသည်။ ငယ်သောသူများကလည်း အမိပမာ၊ အမပမာ ချစ်ချင်ကြသည်။ ထိုမိဖုရားတို့၌ နဂါး၊ ဂဠုန်၊ ကုမ္ဘာန်၊ ယက္ခ၊ ဂန္ဓဗ္ဗ အစောင့်အကြပ်များ အမြဲဝန်းခံ စောင့်ရှာက်ကြရ၏။ ၄င်းမိဖု၇ား ပန်ဆင်ထားသောပန်းကို ခွာချလိုက်လျှင် ၄င်းအစောင့် အရှောက်တို့သည် အလိုလိုပါနေ၏။
            ထို့ကြောင့် လူမိစ္ဆာကို နိုင်နင်းစေရန် ပန်တော်ကျပန်း (၇)ပွင့်ကို ထည့်ရကြောင်း အဖေအမိန့်ရှိခဲ့ပါသည်။
            နံပါတ်(၂) ရန်သူမှန်သမျှကို နိုင်နင်းနိုင်အောင် သံလျှက်ကအရိုးထည့်ရ၏။ သံလျှက် သည်ကိန်းခန်းနှင့် ကိုက်ညီအောင်စီစဉ်ထားခြင်းကြောင့် မင်းကောင်းမင်းမြတ်များ ညီလာခံတွင် ကိုင်သောအခါ မော်မကြည့်နိုင်အောင် ဇက်ကျိုးနေ၏၊ ၄င်ပစ္စည်းကို ထည့်ခြင်းအားဖြင့် ဓါး၊လှံ၊လက်နက်၊ အမြောက်၊ စိန်ပြောင်း အစရှိသည့်တို့ဘေးမှ အောင်မြင်နိုင်၏။     
သစ္စာရှိသူမှန်သမျှ ဘုန်းကြီးလာအောင်၊ မြင့်မားလာအောင်၊ ကနက္ကဒဏ်ထီးမှ ပိတ်စကို ထည့်၏၊ ကနက္ကဒဏ်ထီးသည် မင်းကောင်းမင်းမြတ်များညီလာခံဝင်သောအခါ အလိုလိုပွင့်၍ အလိုလိုပိတ်သည်။
            ဤထီးတော်သည်ကား ဘုန်းရှိသောမင်းတို့သာ ဆောင်းရ၏။ ထီးသည် အမြင့်ဆုံးသော အရာဖြစ်၏။ အရိပ်လည်းရ၏။ သစ္စာရှိသူမှန်သမျှ ဤဆေးတော်နှင့် ထိုးသူမှန်သမျှ ဘုန်းကြီးစေရန် ကနက္ကဒဏ်ထီး၏ ပိတ်စကိုထည့်ရခြင်းဖြစ်၏။
            ဤဂိုဏ်းတော်သည် ဘုန်းကြီးစေသော ဂိုဏ်းဖြစ်၏။ ဘုန်းကြီးအောင် ကျင့်ကြံလုပ် ဆောင်ပါက ဘုန်းကြီး၏။ လူတွေ၏ လုပ်ဆောင်ချက်မမှန်ကန်ကြသည့်အတွက် ဘုန်းမကြီးခြင်း ဖြစ်ကြောင်းနှင့် ဘယ်သူ့ကိုမှမတွက်နှင့် ကိုယ့်အလုပ်သာကိုယ်လုပ်ကြဟု အဖေကြီးအမိန့်ရှိ ဆုံးမခဲ့သည်။
            အဘဘိုးတော်စင်္ကြာမင်းသည် သူတော်ကောင်းများအတွက် ဤဂိုဏ်းတော်ကြီး ကြီးပွားလာလျှင် သူတော်ကောင်းများ ဘေးအန္တရာယ် ကင်းရှင်းမည်ကိုသိ၏။ထို့ကြောင့် အဖေကြီး ဦးမြခင်က ဆေးတော်ကို စုတ်ခွက်ထဲသို့ နည်းနည်းထည့် ဟင်္သာပြဒါးများများထည့် ရွေဆိုင်းထည့် ရေထည့်ဖျော်ပြီး ထိုးပေးခြင်းဖြင့် သူတော်ကောင်းတို့သည် မိစ္ဆာအပေါင်းကို နိုင်ကြောင်း အဖေအမိန့်ရှိခဲ့ပါသည်။
            ဒါကြောင့် ငါးဆင့်တွင် ပုံတော်အုပ်ရသည်။ ရှေးလူကြီးများသည် ခေါင်းကို ကတုံးတုံး၍ ပုံတော်အုပ်ပြီး ရွှေချကျသည်။ ဂိုဏ်းတော်ကို ကြည်ညိုကြ၍ ဖော်ပြပါ ပစ္စည်းသုံးမျိုး နှင့် သင့်လျှော်ရာ ဂမုန်းတို့ကို ထုထောင်းရောစပ်၍ စီရင်ထားသော ဆေးတော်နှင့် ဂိုဏ်းတော်ကြီးသည် ကျွန်တော်နှင့်လည်းမဆိုင်၊ ခင်ဗျားနှင့် လည်းမဆိုင်၊ ဘယ်သူတွေနှင့် ဆိုင်သလဲ မေးရင် ကမ္ဘာသူ ကမ္ဘာာသား အားလုံးနှင့် ဆိုင်ပါသည်။
            သို့သော်ဆေးပစ္စည်းများနှင့် ဖော်နည်းကား တွေ့ထားခဲ့သော်လည်း ကျေးဇူးရှင်ကြီး ဖြစ်သော ပါရမီရှင် အဖေကြီးဦးမြခင်သော်မှ စမ်းသပ် စစ်ဆေးမှု့မပြုဘဲ ဆရာသမားအပေါ် ဂိုဏ်းတော်အပေါ်၊တပည့်များအပေါ် သစ္စာကြီးစွာထားပြီး သူ့ရဲ့ဆရာဂိုဏ်းချုပ်အဖ ဘိုးတော်ဟန် ရဲ့သမီး၊ ကျွန်တော်တို့ ကျေးဇူးရှင်တစ်ဦးဖြစ်တဲ့ အမကြီး ဒေါ်အေးကြည်နှင့် အဖဘိုးတော်ဟန်၏   သားဖြစ်သည့် နာယကဆရာကြီးဖြစ်သူ ဆရာကြီးဦးစံသိန်း သူတို့နှစ်ဦး   
သာလျှင် ဆေးတော်များ ကို စမ်းသပ်ခွင့် ရခဲ့ပါသည်။ အခြားသော ဆရာ၊ ဆရာမ ဘယ်ပုဂ္ဂိုလ်မျှ အခွင့်မရခဲ့ပါဘူး။ ဤဆေးတော်သည် ပွား၍ ဖဲ့၍ မရပါ။ဤဆေးတော်သည် သာသနာပြုသော ပညာပေးဆေးတော် သာဖြစ်ခြင်းကြောင့် လာဘ်လာဘမျှော်၍ မလုပ်ရပါ။ လုပ်ရဲလို့ လုပ်ခဲ့သော် ဂိုဏ်းတော်ကိုဖျက်စီး မဲ့သူ မိစ္ဆာဘဲဆိုတာ သင်ကိုယ်တိုင် သင်သိပါလိမ့်မည်။
            ဤဂိုဏ်းတော်ကြီးသည် ဗုဒ္ဓသာသနာကို အထောက်အပံ့ပေးနေသော ဂိုဏ်းတစ်ဂိုဏ်း ဆိုတာ ဝေဖန်ဆန်းစစ်လေ့လာနိုင်ပါသည်။ သူတော်ကောင်းတွေမြတ်နိုးတဲ့ပညာ သူတော် ကောင်းတွေ လက်ခံနိုင်တဲ့ပညာ ဒါကြောင့်လည်း ဒီကျေးဇူးရှင်ကြီးတွေဟာ လောကအနေနဲ့ ဘဝတစ်ပါးပြောင်းရွှေ့သွားသည်။ သေသွားကြသည် ဆိုသော်လည်း နာမည်မသော ပုဂ္ဂိုလ်ထူးကြီးများကို ဂုဏ်ပြုလိုက်ပါသည်။
ဘိုးတော်များ၏ ထွက်ရပ်ပေါက်ခြင်းအကျဉ်း
၁။ အဖဘိုးတော်အေး ( အမည် -  ၅ မျိုးရ)
            မောင်ဖေခင်၊ မင်းကလေး၊ ညောင်ရမ်းမင်းသား၊ မဟာသီဟသူ့ဓမ္မရာဇာ၊ စင်္ကြာမင်း ဟုဆိုသော်လည်း ညောင်ရမ်းမင်း၊ စင်္ကြာမင်း၊ မင်းကလေးဟုသာ ခေါ်စမတ်ပြုကြ ကုန်၏။
            ဘိုးတော်အေးသည် ၁၇ နှစ်သား၌ မင်းဘူးမြို့ အနောက်ဘက်တောထဲတွင် အရှင်ထွက်ဖြင့် ထွက်ရပ်ပေါက်သွားခဲ့သည်။ ဣစ္ဆသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီးဟု အမည် နာမပြုပြီး ဂိုဏ်းတည်ထောင်ခဲ့သည်။
            မွေးနေ့အတိအကျမသိ၊ ဘိုးတော်ဦးဝိုင်း (၁၁၄၃ခု) နန်းတတ်သက္ကရာဇ်မတိုင်မီ ဖွားမြင်ခဲ့သည်။ ဦးအောင်၏ အုပ်ထိန်းမှု့ဖြင့် ကြီးပြင်းလာ၏။ ပြည်မင်းသမိး စန္ဒာဒေဝီနှင့် စစ်ကိုင်းမင်းသား ဘကြီးတော်မင်းတရား ( ၁၁၈၁) နန်းတတ် သားတော်ဖြစ်၏။
၂။အဖဘိုးတော်ပြုး
            ပုဂံနယ် ဇာတိဖြစ်သည်။ ပုဂံနှင့် မျက်စောင်းထိုး မြစ်တစ်ဖက်ကမ်းရှိ သစ်ထောက်ရွာ အနီး ဘုရားငါးဆူစခန်းတွင် ထွက်ရပ်ပေါက်ခဲ့သည်။ (၁၂၆၄)ခု ကျိုက်လတ်မြို့၊ ကျုံမငေးရွာတွင်
ရုပ်အလောင်းပြ ထွက်တော်မူသည်။
၃။အဖ ဘိုးတော်ပွင့်
            ကျောက်ဇံမြို့နယ် ဝါးရခိုင်ဇာတိဖြစ်၏။ (၁၂၆၄)ခုနှစ်တွင် ကျုံမငဲ့ရွာ၌ ဘိုးတော်အေးက ကိုယ်ထင်ပြ၍ ဆည်းကပ်ရမည့် ဆရားအား ညန်ပြခဲ့သည်။ ပုဂံကိုလိုက်သွား၍ ဘိုးတော်ပြူးထံ နည်းနာခံယူတပည့်ပြုသည်။ ရန်ကုန်တွင် ထွက်ရပ်ပေါက်သည်။ ၄င်း၏ရုပ်ကလပ်တော်ကို တောင်းစွန်းသို့ နိုင်ငံတော်အစိုးရက ပို့ဆောင်ခဲ့သည်။ ၁၃၁၈ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၅) ရက်တွင် ထွက်တ်ာမူသည်။ ဣစ္ဆသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး မရောက်ခင်မှာ ဘုရားငါးဆူဂိုဏ်း၊ ပုံတော်ဂိုဏ်း၊ စမလေးလုံးဂိုဏ်း၊ မှော်သေရှင်ဂိုဏ်း၊ ဣစ္ဆသယ- မဟိဒ္ဓိစေဂိုဏ်း၊ ပြီးမှ ရွှေရင်ကျော် ဣစ္ဆသယမဟိဒ္ဓိစေဂိုဏ်းဆိုပြီး (၆)မည်ရ ဂိုဏ်းဖြစ်ပါသည်။
ဘုရား
ပုံတော်
စမ
မှော်
ဣစ္ဆသယ
ရွှေရင်ကျော် ဣစ္ဆသယ
ဆိုပြီး ဘုန်းတန်ခိုးထက်သန်သော ဂိုဏ်းတော်ကြီး တစ်ဂိုဏ်းဖြစ်ပါသည်။ ၄င်းဂိုဏ်းတော်ကြီးရဲ့ ဂိုဏ်းချုပ်မှာ ဘိုးတော်ဟန် ဖြစ်ပါသည်။
၎။ဘိုးတော်ဟန်
            ဓနုဖြူဇာတိ ဖြစ်၏။ ရွှေရင်ကျော် ဣစ္ဆသယ မဟိဒ္ဓိစေဂိုဏ်းတော်ကြီး၏ ဂိုဏ်းချုပ်အဖြစ်၊ ဂိုဏ်းချုပ်အမည်ကို မည်သူအားမျှ လွှဲပြောင်းမပေးခဲ့။ ၁၃၅၂ ခု၊ သီတင်းကျွတ်လကွယ်နေ့ ဗုဒ္ဓဟူးနေ့၊ ည (၁၀) နာရီအချိန်တွင် ထွက်တော်မူသည်။

၅။ အဘဘိုးတော် ဦမြခင် (အဖေကြီး)
            ၁၉၇၄ခု၊ ဇွန်လ ၉ ရက်၊ တနင်္ဂနွေနေ့ နံနက်၊ ၁၃၃၆ ခု၊ နယုန်လဆုတ် ၅ ရက် နံနက် ၉း၀၄ အချိန်တွင် ထွက်ရပ်ပေါက်စခန်းသို့ ကြွမြန်းတော်မူသည်။ အဖေကြီးဦးမြခင် ထွက်တော်မူ ပြီးသည့် ၉-၆-၁၉၇၄ (သောကြာနေ့) တွင် အဖေကြီးဈာပနမှု့ ကိစ္စမပြီးသေးမီ အဖေကြီး၏ တပည့်၊ သားသမီး၊ မြေးမြစ် မြန်မာပြည်အရပ်ရပ်မှ ဂိုဏ်းဝင်အသီးသိးတို့သည် တိုင်းပြည်အတွင်း အရေးအခင်းကြားမှ ရန်ကုန်မြို့ အလုံရပ် အောင်မင်္ဂလာကျောင်းသို့ စုဝေး၍ ဂိုဏ်းတော်ကြီး ကိစ္စ ရှေ့ဆက်လုပ်ရမည့် လုပ်ငန်းများတိုင်ပင်ရန် လူကြီးများကို ရွေးကြရန်တိုင်ပင်သောအခါ ဂိုဏ်းတော် နာယကအဖြစ် (၁) အမေကြီး ဒေါ်ထွေးကြည် (အဖေကြီး ဦးမြခင်၏ ဇနီး)၊ (၂) အမကြီးဒေါ်အေးကြည် ( အဖဘိုးတော်ဟန်၏ သမီး)၊ ဆရာကြီး ဦးစံသိန်း (အဖဘိုးတော်ဟန်၏ သား) ၄င်းသုံးဦးကို အများဆန္ဒ အတည်ပြုကြပြီး ဆက်လက်၍ အဖေကြီး၏ ဇနီးနှင့် သားမြေး မြစ်များနှင့် အမကြီး ဒေါ်အေးကြည်၊ ဆရာကြီး ဦးစံသိန်းတို့ ပူးတွဲ၍ လှုပ်ရှားခဲ့ရာ အမေကြီးနှင့် အမကြီးတို့သည် သက်တမ်းအရ ဆုံးခဲ့ကြပြီးနောက် နာယကကြီး ဦးစံသိန်းနှင့် အဖေကြီး၏ တပည့်များသည် ဂိုဏ်းကြီးကိုဆက်လက်၍ ဆောင်ရွက်နေရင်း နာယကကြိး ဦးစံသိန်းသည် ၁၇-၅-၂၀၀၇ခု (ကြာသပတေးနေ့) တွင် နေပြည်တော်ဆေးရုံတွင် ကွယ်လွန်အနိစ္စရောက်ပြီး၊ ဆရာကြီး၏ ဈာပနကို ဇာတိဖြစ်သော ဓနုဖြူမြို့သို့ ပင့်ဆောင်ပြီး ဂူသွင်းသဂြိုလ်ထားပါသည်။ ယခုအခါ နာယကဆရာကြီး၏ သား၊ သမီးများနှင့် အဖေကြီး၏ တပည့်သား သမီးမြေးမြစ်များက ဆက်လက်လုပ်ဆောင်နေကြပါသည်။
            အဖေကြီးဦးမြခင်မှာ သမီးကြီး ဒေါ်ကြည်ကြည်မြနှင့် သား ဦးမျိုးမြင့်တို့ သားသမီး နှစ်ဦး ကျန်ခဲ့ရာ သမီးကြီးဆုံးပါးသွားပြီဖြစ်၍ သား ဦးမျိုးမြင့်က ဂိုဏ်းတော်ကြီး၏ တာဝန်ကို ဆက်လက်ဆောင်ရွက်ပြိး တဖက်ကလည်း ဂိုဏ်းတော်ကြိး တိုးတတ်ရန် ရှေ့ရေးနောက်ရေးများ ကို တတ်နိုင်သရွေ့ တာဝန်ယူဖြေရှင်း လုပ်ကိုင်နေပါသည်- ဆိုသည်ကို တင်ပြအပ်ပါသည်။



ထူးခြားချက်များ
            ပါရမီ ပုဂ္ဂိုလ်ထူးများ၏ တစ်ဦးချင်းထူးခြားချက်များမှာ- အဖေကြီး ဦးမြခင်ဆိုရင် သူ၏နှုတ်တော်မှ မကွယ်လွန်မီ လပိုင်းအတွင်း ထွက်ဆိုခဲ့သော စကားများမှာ တပည့်များက ထွက်ရပ်ပေါက်ပုဂ္ဂိုလ်များရဲ့ လက္ခဏာအသွင်အပြင်ကို မေးကျရာတွင် “မင်းတို့ ကိုယ့်အလုပ်ကို ကိုယ်လုပ်ကြ ထွက်ရပ်ပေါက်လက္ခဏာမှာ အသေပြပြီး အရှင်ထွက်၊ အရှင်ပြပြီး အသေထွက် တော့ မင်းတို့သိပါသလား၊ လူသေလို့ ပုပ်တာဘာဆန်းသလဲကွ” အဲဒီအချိန်မှာ ဦးသန့်အရေး အခင်းနှင့် အလုပ်သမားအရေးအခင်းဖြစ်နေသည့် အချိန်တွင် တိုင်းပြည်အေးချမ်းရင် ငါနေမယ် ဆိုပြီး ပြောခဲ့ပါသည်။ ငါသေမယ်ဆိုရင် ၃ခါသေမယ်ဆိုတာကို သက်သေအထင်ကရ ပြရရင် ခေါင်းသုံးလုံး သွင်းရပြီး ဂူသုံးလုံးတည်ထား၍ ယခုနောက်ဆုံးဂူ မြောက်ဥက္ကလာပတွင် တည်ရှိလျက်ပါ။
            ဂိုဏ်းချုပ်ဆရာကြီး အဖဘိုးတော်ဟန်၏ ထူးခြားချက်များကတော့- ယခင်ဂူသုံးလုံးသွင်း ထားပြီး ယခုတစ်ဖန် သူ၏သားဖြစ်သူ နာယကဆရာကြီး ဦးစံသိန်း အုတ်ဂူနှင့် ယှဉ်၍ ထားပါသည်။ ဘိုးတော်ဟန်ကို ဂူသွင်းခြင်းမှာ ၄ ကြိမ်မြောက်ဖြစ်ပါသည်။ နာယကဆရာကြီး ဦးစံသိန်း၏ ဈာပနသည် နေပြည်တော်မှ သယ်ဆောင်ပြီး မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးအအေးတိုက်တွင်ထားရှိပြီး ၅ ရက်ပြည့်သောအခါ ဓနုဖြူမြို့သို့ သယ်ဆောင်ပြီး အထက်ပါ ဂူထဲသို့ ညနေ ၄ နာရီမှာ ဂူသွင်းရန် ခေါင်းကိုဖွင့်သောအခါ လုံးဝအနံ့ မထွက်ပါ။ 


























Thursday, September 3, 2015

What is Meaning Shwe Yin Kyaw ?


The Meaning of Shwe Yin Kyaw is
Shwe Yin Kyaw = Gold,
Eiksataya= Get whatever one wishes for,
Ma Hade De= Huge glory,
Say= Shwe Yin Kyaw’s Masters are empowered by Saints of Sywe Yin Kyaw to quell Ghosts and eveils,
Gai Daw Gyi =Holy Gang. .

ရွှေရင်ကျော်ပညာသည် လောကီအထက်လမ်း မဟာဂန္ဓာရီဝိဇ္ဇာပညာရပ် ဖြစ်ပါသည်။ 

ပညာ ၂ ဆင့် မှ စ ၍ ပယောဂ အပေါင်း အဆိပ် အပေါင်း ကို လှန်ပြန်နေ အောင် ကုသ နိုင်သော ပညာ ရပ် ဖြစ်ပါသည်.
အဓိ က အရေးကြီးသော သစ္စာ သုံးချက် စောင့်ထိန်း ခြင်း ဖြင့် စေပိုင်အာဏာ ပိုင် ရစေကာ မိမိ လိုအပ် သလို တောင်းတနိုင် သော လိုတရ မဟာဂန္ဓာရီဝိဇ္ဇာပညာရပ် တစ်မျိုးဖြစ်ပေ သည်.

ပယောဂဝေဒနာကြောင့် လူသားတို့ ဒုက္ခခံစားရပုံမှာ--

ပယောဂဝေဒနာစက်သည် လူသားတို့၏ကိုယ်ခန္ဓာထဲသို့ ရောက်ရှိပါက ပထဝီ၊တောဇော၊အာပေါ၊ဝါယော ဓါတ်များပျက်စီးစေပါသည်။ အပူအအေးမမျှတသောကြောင့် လူသားတို့သည် စိတ်နှင့် ပတ်သက်သော ဝေဒနာ- စိတ်မတည်ငြိမ်ခြင်း။ စိတ်ဂဏှာမငြိမ်ခြင်း၊ အိမ်မှာမနေချင်ခြင်း၊ ဒေါသကြီးခြင်း၊ မိသားစုပြဿနာဖြစ်ခြင်း၊ အိမ်ထောင်ရေး အဆင်မပြေဖြစ်ခြင်း၊ စီးပွားရေးမှာ စိတ်မဝင်စားခြင်း၊ စီးပွားရေးပျက်စီးဆုံးရှုံးခြင်း၊ အိမ်ထောင်ရေးပြိုကွဲခြင်း၊ အိမ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်ကျောတတ်ခြင်း၊ ခါးကိုက်ခြင်း၊ တွေဝေထိုင်းမှိုင်းခြင်း၊ ရူးသွပ်ခြင်း အသက် သေဆုံးခြင်း    ဖြစ်တတ်ပါသည်။


  လူ့လောကတွင် လူသားတို့သည်
အချင်းချင်း မနာလိုစိတ်။ အနိုင်ရလိုစိတ်၊ ချစ်စိတ် မုန်းစိတ်၊ စီးပွားရေး၊ ပညာရေး အပြိုင်အဆိုင်ကြောင့် ရိုးသားစွာ ယှဉ်ပြိုင်ခြင်းဖြင့် မအောင်မြင်လျှင် မကောင်းသော ပညာရပ်အစီအမံဖြစ့် နှောက်ယှက် တိုက်ခိုက်ခြင်းမှာ အနိုင်ရလိုသော အတ္တစိတ်များကြောင့်ဖြစ်သည်။ မိမိကိုယ်တိုင် မကောင်းသော ပညာရပ်များ မတတ်ပါက အခကြေးငွေများပေး၍  အောက်လမ်းပညာရှင်များ၏ အစီအမံဖြင့် လူသားတို့ကို တိုက်ခိုက်နှောက်ယှက် အနိုင်ယူတတ်ပါသည်။
ရွှေရင်ကျော်ပညာကို ခံယူလိုသူများသည် သစ္စာ (၃) ချက်နှင့် သီလ (၂) ပါးကို စောင့်ထိန်းရပါသည်။
၁။ အမဲသား ကျွဲသား မစားရပါ။
၂။ အရက်သေစာ ဘီယာ မသောက်ရပါ။
၃။ သူတစ်ပါး၏ ကာမပိုင်မယားများကို ကိုယ်ထိလက်ရောက် ခိုးယူပေါင်းသင်းခြင်း မပြုရပါ။
သစ္စာတစ်ခုခုပျက်ပါက  ရွှေရင်ကျော်ပညာ ပျက်ပါသည်။ ရူးသွပ်ခြင်း၊ စီးပွားပျက်စီးဆုံးရှံးခြင်းများ မဖြစ်ပါ။ သူတော်ကောင်း သဘာဝပညာရပ်များ ဖြစ်ပါသည်။
 ရွှေရင်ကျော်ပညာခံယူထားသူများသည် လောကီ၊လောကုတ္တရာ အကျိုး( ၂ ) ဖြာ    ကောင်းကျိုးချမ်းသာများ ခံစားရပါသည်။    














ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိ စေ ဂိုဏ်းတော်ကြီး လမ်းစဉ်အကျဉ်း

ပယောဂဝေဒနာကြောင့် လူသားတို့ ဒုက္ခခံစားရပုံမှာ--
ပယောဂဝေဒနာစက်သည် လူသားတို့၏ကိုယ်ခန္ဓာထဲသို့ ရောက်ရှိပါက ပထဝီ၊တောဇော၊အာပေါ၊ဝါယော ဓါတ်များပျက်စီးစေပါသည်။ အပူအအေးမမျှတသောကြောင့် လူသားတို့သည် စိတ်နှင့် ပတ်သက်သော ဝေဒနာ- စိတ်မတည်ငြိမ်ခြင်း။ စိတ်ဂဏှာမငြိမ်ခြင်း၊ အိမ်မှာမနေချင်ခြင်း၊ ဒေါသကြီးခြင်း၊ မိသားစုပြဿနာဖြစ်ခြင်း၊ အိမ်ထောင်ရေး အဆင်မပြေဖြစ်ခြင်း၊ စီးပွားရေးမှာ စိတ်မဝင်စားခြင်း၊ စီးပွားရေးပျက်စီးဆုံးရှုံးခြင်း၊ အိမ်ထောင်ရေးပြိုကွဲခြင်း၊ အိမ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်ကျောတတ်ခြင်း၊ ခါးကိုက်ခြင်း၊ တွေဝေထိုင်းမှိုင်းခြင်း၊ ရူးသွပ်ခြင်း အသက် သေဆုံးခြင်း    ဖြစ်တတ်ပါသည်။ 


လူ့လောကတွင် လူသားတို့သည်
အချင်းချင်း မနာလိုစိတ်။ အနိုင်ရလိုစိတ်၊ ချစ်စိတ် မုန်းစိတ်၊ စီးပွားရေး၊ ပညာရေး အပြိုင်အဆိုင်ကြောင့် ရိုးသားစွာ ယှဉ်ပြိုင်ခြင်းဖြင့် မအောင်မြင်လျှင် မကောင်းသော ပညာရပ်အစီအမံဖြစ့် နှောက်ယှက် တိုက်ခိုက်ခြင်းမှာ အနိုင်ရလိုသော အတ္တစိတ်များကြောင့်ဖြစ်သည်။ မိမိကိုယ်တိုင် မကောင်းသော ပညာရပ်များ မတတ်ပါက အခကြေးငွေများပေး၍  အောက်လမ်းပညာရှင်များ၏ အစီအမံဖြင့် လူသားတို့ကို တိုက်ခိုက်နှောက်ယှက် အနိုင်ယူတတ်ပါသည်။
ရွှေရင်ကျော်ပညာကို ခံယူလိုသူများသည် သစ္စာ (၃) ချက်နှင့် သီလ (၂) ပါးကို စောင့်ထိန်းရပါသည်။
၁။ အမဲသား ကျွဲသား မစားရပါ။
၂။ အရက်သေစာ ဘီယာ မသောက်ရပါ။
၃။ သူတစ်ပါး၏ ကာမပိုင်မယားများကို ကိုယ်ထိလက်ရောက် ခိုးယူပေါင်းသင်းခြင်း မပြုရပါ။
သစ္စာတစ်ခုခုပျက်ပါက  ရွှေရင်ကျော်ပညာ ပျက်ပါသည်။ ရူးသွပ်ခြင်း၊ စီးပွားပျက်စီးဆုံးရှံးခြင်းများ မဖြစ်ပါ။ သူတော်ကောင်း သဘာဝပညာရပ်များ ဖြစ်ပါသည်။
 ရွှေရင်ကျော်ပညာခံယူထားသူများသည် လောကီ၊လောကုတ္တရာ အကျိုး( ၂ ) ဖြာ    ကောင်းကျိုးချမ်းသာများ ခံစားရပါသည်။    
ရွှေရင်ကျော်ပညာသည် လောကီအထက်လမ်း မဟာဂန္ဓာရီဝိဇ္ဇာပညာရပ် ဖြစ်ပါသည်.