* သင်ဟာ
အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်ပါလား?
NLD ကို မဲပေးပါ။
ဘယ်လောက်ကြိုးစားကြိုးစား
မိုးပေါ်ကျလာသူတွေအောက်မှာ
ဘာမှနားမလည်သူတွေခိုင်းတာ
ခံနေရတဲ့အဖြစ်ကလွတ်ဖို့
NLD ကိုမဲပေးမှဖြစ်မယ်။
* သင်ဟာ စီးပွားရေးသမားတစ်ယောက်
ဖြစ်ပါသလား?
NLD ကိုမဲပေးပါ။
သင့်ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက်
လွတ်လပ်စွာကြီးပွားတိုးတက်ခွင့်ရဖို့
အမိန့်ပေးစီးပွားရေးစနစ်ဟာ
အဆင်မပြေပါ။
ပြီးတော့ သူတင်ကိုယ်တင်
စီးပွားဘက်ပြိုင်လာတဲ့အခါ
ဘယ်သူနဲ့မှ အမျိုးမတော်ရင်
ဘာကျောထောက်နောက်ခံမှမရှိရင်
စိတ်မချရတဲ့အခြေနေဆိုးကလွတ်ဖို့
NLD ကိုမဲပေးမှဖြစ်မယ်။
* သင်ဟာ
ပညာရှင်တစ်ယောက်ဖြစ်ပါသလား
NLD ကို မဲပေးပါ။
အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင်
ကျနော်တို့ဘယ်လောက်နိမ့်ကျနေပြီလဲ?
မြန်မာနိုင်ငံဟာ
ဗီယက်နမ်ထက် နှစ်ဆကျယ်ပြီး
ထိုင်းထက် ၁.၂၅ ဆရှိတယ်။
ဒါပေမဲ့ တိုးတက်မှုက???
၈၈ အရေးခင်းအပြီး
ဈေးကွက်စီးပွားရေးစပြီလို့
ကျနော်တို့ဆီမှာ အသံဟစ်တော့
ဗီယက်နမ်က လာလေ့လာရတယ်။
အခုကျတော့ ???
ဟိုလူဖြတ်တက် ဒီလူဖြစ်တက်
ဖွံ့ဖြိုးမှုနောက်အကျဆုံး ငမွဲတိုင်းပြည်က
ကမ္ဘာ့ဘယ်အရပ်မှာမှ လူရာမဝင်တဲ့
ပညာရှင်တွေအဖြစ်ကို ပြောင်းဖို့
NLD ကိုမဲပေးမှဖြစ်မယ်။
* သင်ဟာ တပ်မတော်သားတစ်ယောက်
ဖြစ်ပါသလား?
NLD ကိုမဲပေးပါ။
လုံလောက်တဲ့လစာ
ခိုးဝှက်စရာ မလိုပဲ စိတ်အေးလို့ရမယ့်
ဘဝနောင်ရေးမျိုးရဖို့
လိပ်ပြာသန့်သန့် နေထိုင်ရှင်သန်နိုင်ဖို့
တိုင်းပြည်ချမ်းသာမှဖြစ်မယ်။
ဒီတော့ တိုင်းပြည်ရဲ့စီမံအုပ်ချုပ်ပုံကို
ပြောင်းရမယ်။
အဲ့ဒီအတွက်
ထူးချွန်တဲ့အစိုးရတစ်ရပ် လိုတယ်။
NLD သာ မကောင်းရင်
ကောင်းတဲ့သူ မရမချင်းပြောင်းမယ်။
ဒီလိုပြောင်းလို့ရအောင်
အရင်ဆုံးလိုအပ်တာ
ဘယ်သူတွေကမှ နှစ်ရှည်လများ
အာဏာကို
အတင်းကြီးဆုပ်ကိုင်မထားဖို့လိုတယ်။
အဲဒီလို အတင်းဆုပ်ထားတဲ့
လက်ဆုပ်ကြီးကို ဖြေဖို့
NLD ကိုမဲပေးမှဖြစ်မယ်။
* သင်ဟာ
ထိပ်ပိုင်းအခွင့်ထူးခံကြီးဖြစ်ပါသလား?
NLD ကိုမဲပေးပါ။
တစ်ချိန်က
ကျုပ်တို့သုံးယောက်ပေါင်းရင်
မြန်မာပြည်သိမ်းပစ်လိုက်လို့ရတယ်
ကြွေးကျော်နိုင်သူ ပုဂ္ဂိုလ်ကြီးတွေပေမယ့်
တစ်နေ့မှာ
ခဏလိုက်ခဲ့ပါဦး ခေါ်သွားခံရပြီး
စာမျက်နှာများစွာပါတဲ့စာရွက်မှာ
မျက်ရည်ဝဲရင်း
လက်မှတ်ထိုးပေးလိုက်ရတဲ့ …
လက်နက်ချပါ
ကျနော်တို့မှပစ်မိန့်ပါတယ်
အပြောခံခဲ့ရတဲ့
ပုဂ္ဂိုလ်ကြီးတွေရဲ့အဖြစ်ကို
သင်ခန်းစာယူပါ။
ဥပမာ ဥပမေယျတွေ အများကြီးပါ။
ဘဝကို စိတ်ချလက်ချနေထိုင်ရှင်သန်နိုင်ဖို့
စည်းလွတ်ဘောင်လွတ်မလုပ်နိုင်သော
အစိုးရမျိုး လိုတယ်။
NLD ကိုမဲပေးမှဖြစ်မယ်။
* သင်ဟာ
သာမာန် လက်လုပ်လက်စား
ပြည်သူတစ်ယောက်ပါလား?
အခု ငွေတွင်းမနက်ဘူးလား?
ကုန်ဈေးနှုန်းတွေ မတက်ဘူးလား?
ြီပီးတော့ တစ်ခုပြောပြမယ်
ဒီခေတ်ကြီးမှာ
ပိုက်ဆံမရှိရင် သေတတ်တယ်။
ပိုက်ဆံမရှိလည်း
ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့
အစိုးရမျိုး မလိုချင်ဘူးလား?
သင့်သားသမီးတွေ
ပညာသင်ပြီးရင်တောင်
အလုပ်အကိုင်ပါးရှားလှလို့
ဘဝအဆင့်မြင့်တက်မသွားတဲ့
ဘဝမျိုးက မပြောင်းချင်ဘူးလား?
ငွေများတရားနိုင်ခေတ်မို့
ငွေမရှိရင် သူများအနိုင်ကျင့်သမျှ
ကြိတ်ခံရတဲ့ဘဝမျိုးက
မပြောင်းချင်ဘူးလား?
ပြောင်းချင်ရင်
အပြောင်းအလဲကို စလုပ်ရမယ်။
NLD ကသာ
ကောင်းသောအပြောင်းအလဲမပေးနိုင်ရင်
မကောင်းမချင်းထပ်ပြောင်းကြမယ်။
ဒါပေမဲ့ ပထမဆုံးအဆင့်က
အခု ဒုံရင်းဒုံရင်းဘဝကြီးကနေ
ပြောင်းလဲလိုက်ဖို့ဖြစ်တယ်။
ငကန်းသေမှ ငဆွေပေါ်မယ်။
ငဆွေကနေမှ ငမှန်ထပ်လာမယ်
ဒါ့ကြောင့်
အမှန်အထိ ရောက်ဖို့ပထမခြေလှမ်း
NLD ကိုမဲပေးမှဖြစ်မယ်။
အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်ပါလား?
NLD ကို မဲပေးပါ။
ဘယ်လောက်ကြိုးစားကြိုးစား
မိုးပေါ်ကျလာသူတွေအောက်မှာ
ဘာမှနားမလည်သူတွေခိုင်းတာ
ခံနေရတဲ့အဖြစ်ကလွတ်ဖို့
NLD ကိုမဲပေးမှဖြစ်မယ်။
* သင်ဟာ စီးပွားရေးသမားတစ်ယောက်
ဖြစ်ပါသလား?
NLD ကိုမဲပေးပါ။
သင့်ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက်
လွတ်လပ်စွာကြီးပွားတိုးတက်ခွင့်ရဖို့
အမိန့်ပေးစီးပွားရေးစနစ်ဟာ
အဆင်မပြေပါ။
ပြီးတော့ သူတင်ကိုယ်တင်
စီးပွားဘက်ပြိုင်လာတဲ့အခါ
ဘယ်သူနဲ့မှ အမျိုးမတော်ရင်
ဘာကျောထောက်နောက်ခံမှမရှိရင်
စိတ်မချရတဲ့အခြေနေဆိုးကလွတ်ဖို့
NLD ကိုမဲပေးမှဖြစ်မယ်။
* သင်ဟာ
ပညာရှင်တစ်ယောက်ဖြစ်ပါသလား
NLD ကို မဲပေးပါ။
အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင်
ကျနော်တို့ဘယ်လောက်နိမ့်ကျနေပြီလဲ?
မြန်မာနိုင်ငံဟာ
ဗီယက်နမ်ထက် နှစ်ဆကျယ်ပြီး
ထိုင်းထက် ၁.၂၅ ဆရှိတယ်။
ဒါပေမဲ့ တိုးတက်မှုက???
၈၈ အရေးခင်းအပြီး
ဈေးကွက်စီးပွားရေးစပြီလို့
ကျနော်တို့ဆီမှာ အသံဟစ်တော့
ဗီယက်နမ်က လာလေ့လာရတယ်။
အခုကျတော့ ???
ဟိုလူဖြတ်တက် ဒီလူဖြစ်တက်
ဖွံ့ဖြိုးမှုနောက်အကျဆုံး ငမွဲတိုင်းပြည်က
ကမ္ဘာ့ဘယ်အရပ်မှာမှ လူရာမဝင်တဲ့
ပညာရှင်တွေအဖြစ်ကို ပြောင်းဖို့
NLD ကိုမဲပေးမှဖြစ်မယ်။
* သင်ဟာ တပ်မတော်သားတစ်ယောက်
ဖြစ်ပါသလား?
NLD ကိုမဲပေးပါ။
လုံလောက်တဲ့လစာ
ခိုးဝှက်စရာ မလိုပဲ စိတ်အေးလို့ရမယ့်
ဘဝနောင်ရေးမျိုးရဖို့
လိပ်ပြာသန့်သန့် နေထိုင်ရှင်သန်နိုင်ဖို့
တိုင်းပြည်ချမ်းသာမှဖြစ်မယ်။
ဒီတော့ တိုင်းပြည်ရဲ့စီမံအုပ်ချုပ်ပုံကို
ပြောင်းရမယ်။
အဲ့ဒီအတွက်
ထူးချွန်တဲ့အစိုးရတစ်ရပ် လိုတယ်။
NLD သာ မကောင်းရင်
ကောင်းတဲ့သူ မရမချင်းပြောင်းမယ်။
ဒီလိုပြောင်းလို့ရအောင်
အရင်ဆုံးလိုအပ်တာ
ဘယ်သူတွေကမှ နှစ်ရှည်လများ
အာဏာကို
အတင်းကြီးဆုပ်ကိုင်မထားဖို့လိုတယ်။
အဲဒီလို အတင်းဆုပ်ထားတဲ့
လက်ဆုပ်ကြီးကို ဖြေဖို့
NLD ကိုမဲပေးမှဖြစ်မယ်။
* သင်ဟာ
ထိပ်ပိုင်းအခွင့်ထူးခံကြီးဖြစ်ပါသလား?
NLD ကိုမဲပေးပါ။
တစ်ချိန်က
ကျုပ်တို့သုံးယောက်ပေါင်းရင်
မြန်မာပြည်သိမ်းပစ်လိုက်လို့ရတယ်
ကြွေးကျော်နိုင်သူ ပုဂ္ဂိုလ်ကြီးတွေပေမယ့်
တစ်နေ့မှာ
ခဏလိုက်ခဲ့ပါဦး ခေါ်သွားခံရပြီး
စာမျက်နှာများစွာပါတဲ့စာရွက်မှာ
မျက်ရည်ဝဲရင်း
လက်မှတ်ထိုးပေးလိုက်ရတဲ့ …
လက်နက်ချပါ
ကျနော်တို့မှပစ်မိန့်ပါတယ်
အပြောခံခဲ့ရတဲ့
ပုဂ္ဂိုလ်ကြီးတွေရဲ့အဖြစ်ကို
သင်ခန်းစာယူပါ။
ဥပမာ ဥပမေယျတွေ အများကြီးပါ။
ဘဝကို စိတ်ချလက်ချနေထိုင်ရှင်သန်နိုင်ဖို့
စည်းလွတ်ဘောင်လွတ်မလုပ်နိုင်သော
အစိုးရမျိုး လိုတယ်။
NLD ကိုမဲပေးမှဖြစ်မယ်။
* သင်ဟာ
သာမာန် လက်လုပ်လက်စား
ပြည်သူတစ်ယောက်ပါလား?
အခု ငွေတွင်းမနက်ဘူးလား?
ကုန်ဈေးနှုန်းတွေ မတက်ဘူးလား?
ြီပီးတော့ တစ်ခုပြောပြမယ်
ဒီခေတ်ကြီးမှာ
ပိုက်ဆံမရှိရင် သေတတ်တယ်။
ပိုက်ဆံမရှိလည်း
ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့
အစိုးရမျိုး မလိုချင်ဘူးလား?
သင့်သားသမီးတွေ
ပညာသင်ပြီးရင်တောင်
အလုပ်အကိုင်ပါးရှားလှလို့
ဘဝအဆင့်မြင့်တက်မသွားတဲ့
ဘဝမျိုးက မပြောင်းချင်ဘူးလား?
ငွေများတရားနိုင်ခေတ်မို့
ငွေမရှိရင် သူများအနိုင်ကျင့်သမျှ
ကြိတ်ခံရတဲ့ဘဝမျိုးက
မပြောင်းချင်ဘူးလား?
ပြောင်းချင်ရင်
အပြောင်းအလဲကို စလုပ်ရမယ်။
NLD ကသာ
ကောင်းသောအပြောင်းအလဲမပေးနိုင်ရင်
မကောင်းမချင်းထပ်ပြောင်းကြမယ်။
ဒါပေမဲ့ ပထမဆုံးအဆင့်က
အခု ဒုံရင်းဒုံရင်းဘဝကြီးကနေ
ပြောင်းလဲလိုက်ဖို့ဖြစ်တယ်။
ငကန်းသေမှ ငဆွေပေါ်မယ်။
ငဆွေကနေမှ ငမှန်ထပ်လာမယ်
ဒါ့ကြောင့်
အမှန်အထိ ရောက်ဖို့ပထမခြေလှမ်း
NLD ကိုမဲပေးမှဖြစ်မယ်။
No comments:
Post a Comment