Showing posts with label အထွေထွေ ဗဟုသုတ. Show all posts
Showing posts with label အထွေထွေ ဗဟုသုတ. Show all posts

Tuesday, September 22, 2015

How to Fix Bootmgr Is Missing Error Windows 7 or Vista



 

 WINDOW တွေ ဘယ်လောက်အသစ်ထွက်ထွက် computer သုံးသူတိုင်း Bootmgr Is Missing Error ဆိုတာ
တစ်နေ့မဟုတ် တစ်နေ့ ကြုံတွေ့ ရတက်ပါတယ် ဒါ ကို repair လုပ် ဖို့ နည်းလမ်းတစ်ခု ကို ဆဲဆိုနေတဲ့ ကြား
က တင်ပေးလိုက်ပါတယ် ဒီ လို error အများစုဟာ theme တို့  dual boot တင်ထားတဲ့ ဆရာ တွေ နဲ့ VMWARE
အသုံးပြုလိုက် သော အခါ မှာWindows Registry error  တွေ့ရတာများပါ တယ်  ဒါကြောင့်ဒါကို ဖြေရှင်းဖို့


နည်းလမ်းလေးတစ်ခု ရေးသား လိုက်ပါ တယ် ခင်မျာ အ၇င်ဆုံးအနေနဲ့ window ခွေ DVD တစ်ချပ် သို့မဟုတ်
window boot လုပ်ထားသော stick တစ်ချောင်းလိုပါတယ် ကဲစလိုက်ကြအောင် ဆဲ တာ လည်း များသွားလို့ အနော်
သူငယ်ချင်းတွေ စိတ်ဆိုးမှာကြောက်လို့ ဒီနည်းလမ်းလေးတင်ပြလိုက်တာပါ :p အရင်ဆုံး stick သို့မဟုတ် dvd ခွေကို
စက်ထဲ သို့ ထည့်လိုက်ပါ ပီးတာ နဲ့  ctrl + alt + del နှိပ့်လိုက်ပါ ပီးတာ နဲ့ keyboard မှာ f2 / f12/del/f9 တစ်ခုခု နဲ့
BIOS ထဲကိုသွား ရပါမယ် ပီးတာ နဲ့ boot ကို arrow key နဲ့ သွားပါ  1st မှာ မိမိအသုံးပြုမဲ့ dvd / stick ကို ပေးလိုက်ပါ
ထိုနောက် 2nd ကို HDD ပေးပီး keyboard မှ f10 ကို နှိပ့် ပါ ပီးထာနဲ့ computer မှ keyboard ကို space bar သို့ မဟုတ်
del ကို ဆက်လိုက် ခေတ္တနှိပ့်ပေးထားပါ ထိုအခါ အောက် ပုံစံအတိုင်း window တက်လာပါမယ်

 

ဒီနေ ရာရောက် လာပီးဆိုတာ နဲ့ 

NEXTကို ဆက်သွားပေးပါ ပီးနောက်



အဲ့ နေ ရာမှာ install now ဆိုတာ မနှိပ့် ပါနဲ့ နှိပ့်လိုက်တာ နဲ့ window အသစ် တင်တဲ့ နေရာကိုရောက်သွားပါလိမ့်မယ်
 “Repair your computer” ဆိုတာကို နှိပ့်ပါ 


အာ့ဆိုရင် system recovery options ဆိုတာ ကို မြင်တွေ့ ရပါမယ် အာ့ကိုလည်း next နဲ့ ဆက်သွားပေးပါ


“Startup Repair” ဆိုတာ ကို ဆက်နှိပ့်ပါ


 installation process will repair the system ဆိုင်္ပီးလုပ်ဆောင်နေပါမယ် အဲမှာ ပီးတာ နဲ့  Command Prompt option
ကို ဆက်သွားပေးပါ ရိုက်ကမဲ့ command က  bootrec /fixboot ဆိုပီးရိုက်ပီး enter ခေါက်ပေး လိုက်ပါ


ပီးတာ နဲ့ စက်ကို restart ချပေးလိုက်တာ နဲ့ တပြိုင်နက် စက်ထဲ မှာ ခွေ သို့ မဟုတ် stick ကို ထုတ်ထားလိုက်ပါ အဲဒါဆိုအဆင်ပြေသွားပါ
ပီးဗျာ  အပေါ်မှာ အတိုင်းအဆင့်လိုက် လုပ် ဆောင်လိုက်ပီးဆိုပါက  Bootmgr Is Missing Error ကို အောင်မြင်စွာ ကျော်ဖျက်နိုင်ပါပီး
ကျနော် ဆိုင်တော့ မလာနဲ့ window တင်ရ မယ်ပြောလိုက်ပါ တယ် :D












































Monday, September 21, 2015

ဘုရား ဆင်းတုရှိခိုးတာ အကျိုးရှိ မရှိ?


ဘုရား ဆင်းတုရှိခိုးတာ အကျိုးရှိ မရှိ?
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။ မရှိတော့တဲ့ မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။ ကိုးကွယ်နေလို့ကော အကျိုးရှိပါမလား။

ဗုဒ္ဓဘာသာက ဆင်းတုတွေ၊ ရုပ်ပုံပန်းချီကားတွေကို ကိုးကွယ်တဲ့ ဘာသာလား..ဆင်းတုတွေ ရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။

ဒါတွေက အနောက်နိုင်ငံသားတွေ ဘာသာခြားတွေမေးတက်တဲ့ မေးခွန်းတွေပဲ။

ဂေါတမ မြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် စံလွန်သွားပြီ ဖြစ်ပေမဲ့ သူဟောကြားထားတဲ့ တရားအဆုံးအမတွေက ပကတိအတိုင်း ရှိနေကြတုန်းပဲ။ သူဘုရားဖြစ်အောင် ကြိုးပမ်းခဲ့တာ အခုလို တရားအဆုံးအမကို ဟောပြဖို့ပဲ။ နိဗ္ဗာန်ရောက်ကြောင်းတရားကို ညွှန်ပြပေးခဲ့ဖို့ပဲ။

ဒါတွေက အခု အကုန်ရှိနေသေးတာမို့ ဒီတရားတော်အတိုင်း လိုက်နာကျင့်ကြံ အားထုတ်ရင်း မြတ်ဗုဒ္ဓရှိစဉ်တုန်းကလိုပဲ ထပ်တူထပ်မျှ အကျိုးထူးများကို ခံစားရပါတယ်။ နိဗ္ဗာန်ချမ်းသာကိုလည်း မျက်မှောက်ပြုနိုင်ပါတယ်။

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မစံမီမှာ ဗုဒ္ဓကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက် စေတီ ၄ မျိုးကို သတ်မှတ်ပေးတော်မူခဲ့တယ်။

ဓာတုစေတီ… ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိင်္ုဟ်တဲ့အခါ ကျန်ရစ်တဲ့ ဓါတ်တော်များကို ဘုရားရှင် ကိုယ်စားကိုးကွယ်နိုင်တယ်။

ဓမ္မစေတီ… ဗုဒ္ဓမြတ်စွာ ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့ ပိဋကတ်သုံးပုံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်နဲ့ နိဗ္ဗာန်တရားတို့ကို ဘုရားရှင်ကိုယ်စား ကိုးကွယ်ဆည်းကပ်နိုင်တယ်။

ဥဒ္ဒိဿစေတီ… သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်းပြီး ရေးသားတဲ့ ပုံတော်၊ ပန်းချီကားချပ်တွေ၊ သစ်သားဆင်စွယ် စသည်တို့ကို ထုလုပ်ထားတဲ့ ဆင်းတုတွေ၊ အုတ်၊ သဲ၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားတဲ့ စေတီပုထိုးတွေ၊ ဒီအရာတွေအားလုံးကို ဘုရားရှင်ကိုယ်စား ရှိခိုးပူဇော်နိုင်တယ်။

ပရိဘောဂစေတီ… မဟာဗောဓိပင် အပါအ၀င် ဘုရားရှင် အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊ သင်္ကန်း၊ တောင်ဝှေးစသည်တို့ကိုလည်း ဘုရားရှင်ကိုယ်စား ဆည်းကပ်ကိုးကွယ်နိုင်တယ်။

အဲဒီတော့ ဗုဒ္ဓဘာသာဝင်များက မြတ်ဗုဒ္ဓရဲ့ ပုံတော်ပန်းချီကားတွေ၊ ဆင်းတုတွေကို ရှိခိုးပူဇော်တာဟာ ဥဒ္ဒိဿစေတီအဖြစ် ရည်မှန်းပြီး ရှိခိုးပူဇော်ခြင်းဖြစ်တယ်။ ပန်းချီကားအနေနဲ့ ရုပ်ထု၊ ဆင်းတုတော်များအနေနဲ့ ရှိခိုးပူဇော်နေတာ မဟုတ်ဘူး။

ဥပမာ… ကွယ်လွန်သွားပြီးတဲ့ မိဘများရဲ့ဓါတ်ပုံကို ရှိခိုးကန်တော့နေတဲ့သူဟာ စက္ကူဓာတ်ပုံကို ရှိခိုးကန်တော့နေတာမဟုတ်ဘူး။ သူ့မိဘကို ရည်မှန်းပြီး ရှိခိုးကန်တော့နေခြင်းဖြစ်တယ်။ မိဘဓာတ်ပုံက အသက်ထင်ရှား ရှိစဉ်အခါက မိဘတို့ရဲ့ ရုပ်ပုံကိုထင်မြင်လာအောင် အထောက်အပံ့ပြုတယ်။ မိဘရဲ့ ဂုဏ်ကျေးဇူးတွေ ထင်ပေါ်လာအောင် ကျေးဇူးပြုပေးတယ်။

စက္ကူဓာတ်ပုံကို ကျော်လွန်ပြီး မိဘတို့ရဲ့ တကယ့်ရုပ်သွင်နဲ့ မိဘတို့ရဲ့ဂုဏ်ကျေးဇူးများ ပေါ်လွင်လာအောင် ကြည့်ရှူရသလို ဘုရားပန်းချီ၊ ရုပ်ထု၊ ဆင်းတုများကိုကျော်လွန်ပြီး မြတ်စွာဘုရားရဲ့ တကယ့်ရုပ်သွင်နဲ့ ဂုဏ်တော်များ၊ ကျေးဇူးတော်များပေါ်လွင်အောင် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပုံတော်၊ ဆင်းတုတော်တိုဟာ အထောက်အပံ့ ပစ္စည်းမျှသာဖြစ်တယ်။ ပုံတော်၊ ဆင်းတုတော်တွေ မရှိဘဲနှင့်လဲ မြတ်စွာဘုရားရဲ့ ဂုဏ်တော်များကို ရည်မှန်းပြီး ရှိခိုးပူဇော်နိုင်ပါတယ်။ မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါကလည်း ဘုရားဂုဏ်တော်များကိုသာ ရည်မှန်းပြီး ပူဇော်ရပါတယ်။

မြတ်စွာဘုရားရဲ့ ဂုဏ်တော်များဆီသို့ စိတ်ရောက်တာချင်းတူရင် အကျိုးကျေးဇူးကလည်း တူမှာပဲ။ ဂုဏ်တော်များစုပေါင်းထားတဲ့ ဘုရားရှင်ကို ဉာဏ်နဲ့မြင်အောင် အာရုံပြုရမယ်။

ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ ရုပ်ပုံ၊ ရုပ်ထုတွေကို ဆည်းကပ်ကိုးကွယ်တဲ့ ဘာသာမဟုတ်ပါဘူး။ ဒါက မသိ၊ နားမလည်သူတွေရဲ့ လွဲလွဲမှားမှား စွပ်စွဲမှုများသာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ ဆည်းကပ်ကိုးကွယ်နေတာက အရဟံအစ ဘဂ၀ါအဆုံး အတုမရှိတဲ့ ဂုဏ်တော်များရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဗုဒ္ဓဘုရား၊ ထိုမြတ်စွာဘုရားဟောကြားညွှန်ပြခဲ့တဲ့ မဂ်လေးတန်၊ ဖိုလ်လေးတန် နိဗ္ဗာန်ပရိယတ်လို့ဆိုတဲ့အတုမရှိ မြင့်မြတ်တဲ့ ဓမ္မတရား၊ သစ္စာလေးပါး မြတ်တရားကို သိမြင်ကြပြီးတဲ့ အရိယာသံဃာများနဲ့ မြတ်စွာဘုရားရဲ့ အဆုံးအမဩ၀ါဒအတိုင်း ကျင့်ကြံနေကြတဲ့ သမုတိသံဃာ၊ ဒီဘုရား၊ တရား၊ သံဃာလို့ဆိုအပ်တဲ့ ရတနာမြတ်သုံးပါးပါပဲ။

ဒီလို ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ အမြတ်ဆုံးရတနာ သုံးပါးဆိုတာ အခြားဘယ်မှာ ရှာဖွေလို့ ရနိုင်ပါတော့မလဲ။

{ ဗုဒ္ဓဘာသာက ဆင်းတုတွေ၊ ရုပ်ပုံပန်းချီကားတွေကို ကိုးကွယ်တဲ့ ဘာသာလို့ပြောတဲ့ ဘာသာခြားတွေကို ဒီ Post လေးကို Share ခြင်ဖြင့်ရှင်းပြပေးစေလိုပါသည်...}

(ဒေါက်တာမင်းတင်မွန်)
 —


































ငါ့ကို ဘိုးဘွားရိပ်သာ ပို့ပေးပါ



၁၉၉၁ ခုနှစ်

“သားကြီး ကျောင်းသွားတော့မှာလား”
“ဟုတ်ကဲ့ဖေဖေ”
“စာကြိုးစားတဲ့ သားကြီးကို မုန့်ဖိုးအများကြီး ပေးရမှာပေါ့ကွ”
“အဖေကြီး…ရှင့်သားကို ကျွန်မ-မုန့်ဖိုးပေးပြီးသားလေ တော်ရဲ့”
“ဟာ…မင်းပေးသလို ငါလည်း ပေးမှာပေါ့ကွ၊ ငါ့သားကြီးက စာတော်တဲ့သားကွ”
“ရော့…သားကြီးအတွက် မုန့်ဖိုး။ ဒါက ဖေဖေပေးတာနော်”


၂၀၀၂ ခုနှစ်

“သားကြီးရေ၊ သားကြီး”
“မင်းအတွက် စဖို့ရှပ်လေး ဖေဖေ ဝယ်လာတယ်”
“သားကြိုက်တဲ့ အပြာနုရောင်လေးပဲ။ လိုက်၊မလိုက် ဝတ်ကြည့်စမ်းပါဦးကွ”
“ငါ့သားကြီးက တက္ကသိုလ်ကျောင်းသားကြီးတောင် ဖြစ်ပြီဆိုတော့
အကျီ င်္ကောင်းကောင်းလေးတွေ လိုမှာပေါ့။ ဖေဖေနောက်လည်း ဝယ်လာခဲ့မယ်”
“အဖေကြီး…ရှင့်ပုဆိုးက တော်တော်စုတ်နေပြီလေ”
“သားကြီးမှာက အကျီ င်္ကောင်းတာတွေ အများကြီး ရှိသေးတာပဲ တော်ရယ်”
“ရှင့်အတွက် ပုဆိုးကို ဝယ်မလာဘဲ ဘာလို့ သူ့အတွက် ဝယ်လာရတာလဲ ရှင်”
“ငါ့ ပုဆိုးက လှည့်ဝတ်ရင် အဆင်ပြေပါတယ်ကွာ။ ဘာမှ မဖြစ်ပါဘူး”
“မင်းသိလား….ငါ့သားကြီး ပညာတတ်ဘွဲ့ရ၊ အလုပ်ကောင်းကောင်းရတဲ့အခါ
ငါ့ကို ပုဆိုးတွေ ဒါဇင်လိုက် ဝယ်ပေးမှာကွ။ အဲ့ဒီ့တော့မှ မင်း ငါ့ကို ငေးကြည့်ရမယ်”
“အေးပါတော်…။ ရှင်ပဲ ပြောတော့။ ရှင်ပဲ ပြောတော့”

၂၀၁၂ ခုနှစ်

“မိန်းမရေ…ငါ့သား ချစ်သူက အချောလေးပါလားကွ”
“ပိုက်ဆံလည်း ချမ်းသာတယ်ဆိုတော့ ငါတို့ဘက်ကလည်း တစ်ခုခုတော့
လုပ်ပေးဖို့လိုတာပေါ့။ မဟုတ်ရင် ငါ့သားကြီးခမျာ မျက်နှာငယ်ရရှာမှာ”
ငါတို့နေတဲ့ မြေက…တို့အဘိုးအဘွားကြီး နှစ်ယောက်အတွက် ကြီးမနေဘူးလားကွ”
“ပေ ၄၀ ထဲက ပေ ၂၀ ကို ထုတ်ရောင်းပြီး သားကြီး မင်္ဂလာဆောင်အတွက်
သုံးပေးလိုက်ရင် ကောင်းမယ်နော် မိန်းမ။ သူလည်း တော်တော် ပျော်ရှာမှာ”
“ရှင့်ကိုတော့ ကျွန်မ မပြောတော့ဘူး။ ရှင့်သားကြီးအတွက်ဆိုရင် ကျွန်မကိုပါ
ရောင်းစားပေးမလား မသိပါဘူးတော်။ ရှင့်သဘော၊ ရှင့်သဘော”

၂၀၁၄ ခုနှစ်

(က)
“ဟလို…သားကြီးလား…ဖေဖေပါ”
“ဖေဖေ အသုံးစရိတ်ပြတ်နေလို့
ဖေဖေ့ကို ငွေနည်းနည်းလောက် ပေးပါလား သားကြီးရယ်”
“ဟာ…ဖေဖေကလည်းဗျာ”
“ပြီးခဲ့တဲ့ လ,တုန်းကပဲ
ကျွန်တော် ဖေဖေ့ကို ငွေ သုံးသောင်း ပေးထားသေးတယ်မလား”
ဟုတ်တယ် သားကြီးရဲ့…
ဖေဖေ ဆေးဝယ်သောက်နေရလို့ ငွေက သိပ်အသုံးမခံဘူးကွယ်”
“မင်းမေမေ မရှိကတည်းက
ဖေဖေ့ ကျန်းမာရေးလည်း သိပ်မကောင်းတော့ဘူး သားကြီးရယ်”

(ခ)
“သားကြီးတို့ လင်မယားပါလား…ဘယ်က လှည့်လာတာလဲ”
“ကျွန်တော်…
ဟိုဘက် ရပ်ကွက်ထဲမှာ ကိစ္စတစ်ခုနဲ့လာရင်း လမ်းကြုံလို့ ဝင်လာတာ ဖေဖေ”
“ဒါဆို…သားကို ပြောစရာ ရှိတာနဲ့အတော်ပဲ”
“သားမလာရင် သားဆီကို ဖုန်းဆက်ပြီး ပြောမလို့”
“သားကြီး…ဖေဖေ့ မျက်မှန်က သိပ်ကြည့်လို့ မကောင်းတော့ဘူး”
“ဖေဖေ ပါဝါတိုးရမလားမသိဘူး”
“သားကြီး အဆင်ပြေရင်
ဖေဖေကို မျက်စိဆေးခန်း ခေါ်သွားပေးပြီး မျက်မှန်လေး လဲပေးပါလား သားကြီးရယ်”
“ဖေဖေကလည်း…မျက်မှန်က အကောင်းကြီး ရှိသေးတာပဲကို”
“ကျွန်တော်လည်း အခုက မအားသေးဘူး”
“ဖေဖေ့မြေးက ဖာလူဒါသောက်ချင်တယ်ဆိုလို့ သွားတိုက်ရဦးမှာ”
“ဒီလိုလုပ်လေ…ကျွန်တော် အားတဲ့တစ်နေ့ ဖေဖေ့ကို လာခေါ်မယ်လေ”

(ဂ)
“သားကြီးရေ”
“ဖေဖေ့ကျန်းမာရေးက သိပ်မကောင်းတော့ဘူးကွယ်”
“နေလို့ ထိုင်လို့လည်း သိပ်မကောင်းဘူး။ အမောလည်း ခဏခဏဖောက်နေတယ်”
“သားကြီး အဆင်ပြေရင် သားကြီးအိမ်မှာ ဖေဖေ့ကို ခေါ်ထားပါလား”
“သားကြီးအိမ်မှာ ဖေဖေလိုက်နေရမယ်ဆိုရင်
မြေးလေးမျက်နှာကို ကြည့်ရရုံနဲ့တင် ဖေဖေ့ကျန်းမာရေး တစ်ဝက်သက်သာပါပြီ”
“ဟာ…ဖေဖေ အဲ့ဒါတော့ အဆင်မပြေဘူးဗျ”
“ကျွန်တော့် မိန်းမက အိမ်မှာ အသက်ကြီးရွယ်အိုတွေ နေတာ သဘောမကျဘူး”
“အဲ့ဒါကြောင့် သူ့အဖေ၊ အမေကိုတောင် ခေါ်မထားဘူး”
“ကျွန်တော် လုံးဝ အဆင်မပြေလို့ပါ ဖေဖေ။ ကျွန်တော့်ကိုနားလည်ပေးပါ”

၂၀၁၅ ခုနှစ်။

လူဆိုတဲ့ သတ္တဝါဟာ
ကိုယ်စိုက်ခဲ့တဲ့ အသီးကို မစားရရင်တောင် အရိပ်ကလေးတော့ ခိုချင်ကြတာ
သဘာဝပါ သားကြီးရယ်။ သားကြီးအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မှာစိုးလို့
ဖေဖေ့ ဆန္ဒနဲ့ ဖေဖေကိုယ်တိုင် ဆုံးဖြတ်ပြီး ဘိုးဘွားရိပ်သာမှာပဲ သွားနေဖို့
အသင့်ဖြစ်ပါပြီ။ သားကြီးတို့ မိသားစုဘဝလေး အေးချမ်းသာယာပါစေ။
ခလုတ်မထိ ဆူးမငြိပါစေနဲ့လို့ ဖေဖေ ဆုတောင်းခဲ့ပါတယ် သားကြီးရယ်။

၂၀၁၆ ခုနှစ်

ဘိုးဘွားရိပ်သာတစ်ခု၏ ကုတင်နံပါတ် (၁၃)ရှိ အဘိုးအိုတစ်ဦး၏ မျက်ဝန်းမှ
မျက်ရည်တို့ တသွင်သွင် စီးကျနေသည်ကို စာဖတ်သူတို့ မြင်တွေ့ရပါလိမ့်မည်။
ထိုအဘိုးအို ဘာတွေ တွေးပြီး၊ အဘယ်ကြောင့် ငိုကြွေးနေရှာသလဲ ဆိုသည်ကိုလည်း စာဖတ်သူတို့ နားလည် သဘောပေါက်ကြမည်ကို ကျွန်တော် အသေအချာသိပါသည်။

အိမ်ဝေးသူ(KZ)

Original link - http://www.lwinpyin.com/2015/09/blog-post_983.html

Friday, September 11, 2015

တရားထိုင်ခြင်းဖြင့် အောက်ပါ ရောဂါများကို သက်သာစေနိုင်

တရားထိုင်ခြင်းဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် လောကုတ္တရာအကျိုးများ ရရှိနိုင်သလို လူ့ခန္ဓာကိုယ်အတွက်လဲ သဘာဝရဲ့အကောင်းဆုံးဆေးကုသဆရာပါလို့ ကျန်မာရေးပညာရှင်တွေကပြောကြားလိုက်ပါတယ်။
ဒါကြောင့် တရားထိုင်ခြင်းဟာ လူ့တစ်ယောက်ကို ဘယ်လိုအကျိုးကျေးဇူးတွေ ပေးနိုင်တယ်ဆိုတာ မျှဝေပေးလိုက်ပါတယ်။

၁။ စိတ်ဖိစီးမှုများကိုကျော်လွှားနိုင်ခြင်း
၂။ ကျစ်လစ်သွယ်လျသော ခန္ဓာကိုယ်ဖြစ်လာနိုင်ခြင်း
၃။ အစာခြေစနစ်အားတိုးတတ်စေပြီး သွေးဖိအားကျစေခြင်း
၎။ နှလုံးရောဂါဖြစ်ပွားမှုနှုန်းလျော့ကျစေခြင်း
၅။ စိတ်တည်ငြိမ်မှုရရှိစေခြင်း
၆။ အာရုံစူးစိုက်မှုအားကောင်းခြင်း
ရ။ ခန္ဓာကိုယ်ရှိ အဓိကအင်္ဂါများကို အကျိုးပြုခြင်း
၈။ ကိုယ်ခံစွမ်းအားမြင့်တတ်ခြင်း စသည် တို့ ဖြစ်ပါသည်.













On Facebook











အစာအိမ် အချဉ်ပေါက်ခြင်း (Gastric) ကို သက်သာစေမည့် နည်းလမ်းများ


အစာအိမ်တွင်းမှာ ယင်းနှင့်သက်ဆိုင်သော ဂလင်းများမှ အက်ဆစ်ဓာတ် များပြားစွာ ယိုစိမ့်ထွက်လာရာမှ ဖြစ်ပေါ်လာပါတယ်။  
ယခုလို သွားလာလှုပ်ရှား အချိန်လု ရုန်းကန်နေကြရတဲ့ ခေတ်ကြီးမှာ အစာအိမ် အချဉ်ပေါက်ခြင်း ဆိုတာ ဖြစ်နေကျ ဝေဒနာ တစ်ခုလိုတောင် ဖြစ်လို့နေပါပြီ။

ခံစားရမဲ့ လက္ခဏာတွေကတော့
အစာအိမ်အတွင်း ပူလောင်မှု ခံစားရခြင်း။
အစာစားချင်စိတ် လျှော့နည်းခြင်း၊ မရှိခြင်း။
မအီမသာ ဖြစ်ခြင်း၊ ပျို့အန်ခြင်း။
ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း။
အစာအိမ်တွင်း နာကျဉ်ခြင်းနှင့် ရင်ပူရင်ဆာ ဖြစ်ခြင်းတို့ပဲ ဖြစ်ကြပါတယ်။
အပူ၊အစပ်တို့ကို နဲနဲနှင့် အစပျိုးစားရင်းကနေ အလွန်အကျွံစားသုံးခြင်း။ စားအသောက်ချိန် ပုံမှန်မရှိခြင်း၊
ကော်ဖီ၊ လက်ဖက်ရည်၊ အယ်ကိုဟောပါဝင်သည့် အရည်များကို အလွန်အကျွံသောက်သုံးခြင်း တို့သည် ယင်းဝေဒနာကို ဖြစ်စေသော အကြောင်းအရာများ ဖြစ်ကြသည်။
ထိုဝေဒနာကို သက်သာစေနိုင်ရန် သဘာဝဆေးများကတော့
အစားစားပြီးချိန်မှာ သကြားအညိုကို လက်ဖက်ရည်ဇွန်း ၂ဇွန်း စားသုံးခြင်းဖြင့် အက်ဆစ်ဓာတ်များ ထွက်ခြင်းကို ကာကွယ်ပေးသည်။
သကြား အညို မသုံးချင်သူတွေအတွက် နောက်နည်းလမ်းကတော့
ချင်း(ဂျင်း) အရည် လက်ဖက်ရည်ဇွန်း ၂ဇွန်း
သံပရို၊ သံပရာ၊ ရှောက်သီး အရည် တစ်မျိုးမျိုး လက်ဖက်ရည်ဇွန်း ၂ဇွန်း
ပျားရည် လက်ဖက်ရည်ဇွန်း ၂ဇွန်းတို့ကို
ရောသမမွှေပြီး တစ်နေ့လျှင် ၄ကြိမ် သောက်သုံးပါ။
အစာအိမ် အချဉ်ပေါက်လို့ ရင်ပူရင်ဆာ ဖြစ်တယ်ဆိုရင် ငှက်ပျောသီး စားခြင်းဖြင့် သက်သာစေနိုင်သည်။
ခရမ်းချဉ်သီး ဖျော်ရည် တစ်ခွက်(၂၄၀ML) ခန့်ကို ချင်း(ဂျင်း) ရည် အနည်းငယ်နှင့် ပူဒီနာ အရည်အနည်းငယ် ရော၍ သောက်သုံးပါ။
ပူဒီနာ သီးသန့်ကို လက်ဖက်ရည် ကဲ့သို့ ပြုလုပ်သောက်သုံးနိုင်သည်။
ဖရဲသီးကြိုက်သူများ ဖျော်ရည်ပြုလုပ် သောက်သုံးပါ။ သခွားသီးကို နေ့စဉ်စားသုံးသည့် အစားအသောက်နှင့် တွဲဖက် စားသုံးပါ။
နွားနို့ကြိုက်တတ်သူများ နေ့စဉ် တစ်ခွက်သောက်သုံး ခြင်းဖြင့် အစာအိမ်အချဉ်ပေါက် ခြင်းကို သက်သာစေနိုင်သည်။ သို့မဟုတ်ပါက ကြက်သီးနွေး ရေတဖန်ခွက်ကို နေ့စဉ် သောက်ပါ။
ဇီယာစေ့ကို လက်မနှင့် လက်ညိုးညှပ်ပြီး ပါသလောက်ယူလိုက်ပါ။ ပြီးရင် အိုးကဲ့သို့သော အရာတခုခုထဲမှာ ထဲ့၍အပူပေးပါ။ ယင်းကို လိမ္မော်သီး တစ်လုံးမှ ညှစ်ထားသော အရည်နှင့် အတူသောက်ပါ။
ပင်စိမ်းပင် စားနိုင်သူများ အတွက်ကတော့ ပင်စိမ်းရွက် ၂ရွက်လောက်ကို သေချာဝါးစားရင် အစာအိမ် အချဉ်ပေါက်တာ သက်သာစေနိုင်ပါတယ်။
မစားနိုင်သူတွေကတော့ ပီကေဝါးခြင်းဖြင့် တံတွေးထွက်လာပြီး အစာပြွန်တလျှောက် ဖြတ်သန်းသွားကာ ရင်ပူရင်ဆာ ဖြစ်ခြင်းကို သက်သာစေနိုင်သည်။
ဗိုက်တာမင် စီဓာတ် အများအပြားပါဝင်သော ဆီးဖြူသီးကို စားခြင်းဖြင့် အစာအိမ် အချဉ်ပေါက်ခြင်းကို သက်သာစေသည့်အပြင် အစာအိမ် အနာကျက်ရန် အတွက်ပါ အထောက်အကူပေးသည်။
ပဲနံ့သာစေ့ ရနိုင်လျှင် ဟင်းခတ်ဇွန်း တစ်ဇွန်းကို ရေတစ်ညစိမ်ပါ။ နောက်တနေ့ နံနက် အစာအိမ်တွင်း ဘာမှမရှိချိန် အစားမစားမှီ လည်းကောင်း စိမ်ထားသော ရေကိုစစ်ပြီး သောက်ပါ။ ရေစိမ်လျှင် တစ်ဖန်ခွက် ၂၄၀ ML ခန့် ပမာဏနှင့် စိမ်ပါ။
မနက်စာ၊ နေ့လည်စာနှင့် ညစာတို့ ကြားအချိန်များတွင် အစာအနည်းငယ် စားသုံးပါ။ လည်းကောင်းဝေဒနာ ခံစားရချိန်အတွင်း သနပ် (သရက်သီးသနပ်၊ သံပရာသီးသနပ်စသည်) တို့နှင့် ရှာလကာရည်စိမ် အသီးအရွက်များ စားသောက်ခြင်းကို ရှောင်ကျဉ်ပါ။
ဆက်စပ်ပို့စ်များ ဖတ်ရန်။
ဂျာမဏီနိုင်ငံမှ အသုံးဝင် သဘာဝဆေး။ (http://wp.me/p4XsLz-6t)
ဒူးရင်းသြဇာ လက်ဖက်ရည်။ (http://wp.me/p4XsLz-77)
ကိုယ်ဝန်ဆောင်စတွင် ပျို့အန်လိုခြင်း (Morning Sickness) အတွက် သဘာဝဆေး (http://wp.me/p4XsLz-5b)
နေ့စဉ်သောက်သင့်သည့်_သဘာဝဆေး (http://wp.me/p4XsLz-5F)
အလွယ်တကူရနိုင်တဲ့ ပင်စိမ်းရွက်ရဲ့ အသုံးဝင်ပုံများ (၁) (http://wp.me/p4XsLz-v)
အလွယ်တကူရနိုင်တဲ့ ပင်စိမ်းရွက်၏ အသုံးဝင်ပုံများ (၂) (http://wp.me/p4XsLz-z)









On Facebook
















Thursday, September 10, 2015

ဗုဒ္ဓဘာသာ တိုင်း သိထား သင့် ပါတယ်

   မြတ်စွာဘုရားရှင် ကို ဆွမ်း၊သောက်တော်ရေ၊ သစ်သီး၊ပန်း လှူတာနဲ့ ပတ်သက်တဲ့ အယူအဆ အလွဲများ
+++++++++++++++++
   မြတ်စွာဘုရားရှင် ကို ဆွမ်း၊သောက်တော်ရေ၊
သစ်သီး၊ပန်း လှူတာနဲ့ ပတ်သက်တဲ့
အယူအဆ အလွဲများ
    မြတ်စွာဘုရားကို.....

"စပျစ်သီး" မလှူဘူး။ပျက်စီးတတ်လို့တဲ့။
သြဇာ အာဏာ ရှိအောင် "သြဇာသီး" လှူကြတယ်။
"ဖရဲသီး" မလှူဘူး။ဖရိုဖရဲ ဖြစ်တတ်လို့တဲ့။
အကြံအစည်တွေ အောင် မြင် အောင် "ကြံ"
အ ချောင်းလိုက်ကို ထောင် ပီး လှူကြတယ်။
"မာလကာသီး" မလှူဘူး။မာလကီးယား(သေဆုံး)သွား
တတ်လို့တဲ့။
နေ့ချင်း ညချင်း ချမ်းသာလာအောင် နေ့ပိုင်းမှာ
"ဂျင်း"တတက်၊ညပိုင်းမှာ "ဂျင်း"တတက် လှူကြတယ်။
"ကံ"ကော်အောင် "ကံ့ကော်ပန်း" လှူတယ်။
လက်ရှိ ရာထူး အာဏာ မြဲချင် လို့ ကြာကြာစံ
ရ အောင် "ကြာစံကြော်"လှူတယ်။
"လိမ္မော်သီး" မကပ်လှူကြဘူး။အလိမ် ခံရလိမ့်မယ်တဲ့။
"ပန်းသီး" မလှူဘူး။ကိုယ်စိတ် ပင်ပန်းတတ်လို့တဲ့။
မြုပ်နေတဲ့ ငွေတွေ ပြန်ပေါ် လာအောင်
"မုန့်လုံးရေ ပေါ်" လှူကြတယ်။
"နှင်းဆီပန်း" မလှူဘူး။ဆူးပါတဲ့ နှင်းဆီပန်းကို လှူရင်
အ နှောင့်အယှက် တွေ့တတ်လို့တဲ့။
ဘုရားရှင် ကို "ပန်း"လှူရင် "ပန်း"လို့ ပြောပီး
မလှူရဘူးတဲ့။
ဥပမာ-"ရွှေပန်း"လှူရင် "ရွှေပွင့်"လို့ ပြောလှူရတယ်တဲ့။
"ငွေပန်း"လှူရင် "ငွေပွင့်"လို့ ပြောလှူရတယ်တဲ့။
ဘာလို့လဲ ဆိုတော့ မပန်း(ကိုယ်စိတ် မပင်ပန်း)ရ
အောင် လို့ပါတဲ့။
"ကြာပန်း" လှူရင် ကြန့်ကြာတတ်တယ်တဲ့။
အလုပ်အကိုင် မ ပြောင်းရွှေ့ချင် လို့
"ပြောင်းဖူး"လှူကြတယ်။
အကြံအစည်၊အလုပ် အကိုင် တွေ အောင် မြင်အောင်
"အောင် သ ပြေ"လှူကြတယ်။
ကံ တွေ စွမ်းလာအောင် "ကန်စွန်းရွက်" လှူကြတယ်။
(ကန်စွန်းရွက် အပင်လိုက်ကို ပန်းအိုးထဲ ရေထည့်ပီး
လှူကြတယ်။တချို့က ကန်စွန်းရွက်ကို ကြော်ပီး
လှူကြတယ်။)
ရွှေတွေ တပြုံကြီးရ အောင် "ရွှေဖရုံသီး"လှူကြတယ်။
(ရွှေဖရုံသီး အလုံးလိုက်ကို ဒီအတိုင်း ရက်ပေါင်း
များစွာ လှူထားကြတယ်။)
ဆွမ်း လှူရင် ကြောင်စာလောက် ပဲ လှူကြတယ်။
ဆွမ်း အ ပေါ်က နေ သကြား၊မုန့် စတဲ့ လွယ်ကူ
အဆင် ပြေတာတွေပဲ လှူကြတယ်။
သစ်သီး ဆို ရင် ၉ မျိုး၊ပန်း ဆို ရင် ၉ မျိုး လှူကြတာ
လည်း ရှိတယ်။
အယူအဆ အလွဲတွေ နောက်ထပ် အများကြီး
ရှိအုံးမယ် ထင် ပါတယ်။
တကယ်တမ်း ဖြစ် သင့်တာက.....
မြတ်စွာ ဘုရားရှင် ကို ဆွမ်းလှူတဲ့ အခါ သက်တော်
ထင်ရှား ဘုရားရှင် ကို ဆွမ်းကပ် သလို ကပ်လှူ
သင့်ပါတယ်။(ဥပမာ-ရဟန်းတော်များကို ဆွမ်းကပ်
လှူသလိုပေါ့။)ငွေကြေး မတတ် နိုင် လို့ ဆို ရင် လည်း
သင့်တော် အောင်တော့ လှူသင့်တာပေါ့။ကိုယ်ကျ
တော့ ဗိုက်ဝ အောင် ထမင်းစားပီး ဘုရားရှင် ကို
ကျ တော့ ကြောင် စာလောက်တောင် မလှူဘူး
ဆို ရင် မသင့်တော်ပါဘူး။ကိုယ်ကျ တော့ တ နေ့
ထမင်း ၂ နပ်(၃ နပ်)စားပီး ဘုရားရှင် အတွက်
မနက်ပိုင်း(မွန်းမလွဲမီ)ဆွမ်း တ နပ် ကို ဖြစ် သလို
မလှူ သင့် ပါဘူး။
ဘုရားရှင် ကို ပန်း လှူတယ် ဆိုတာ ပန်းရဲ့ အဆင်း၊
အနံ့နဲ့ ဘုရားရှင် ကို ပူဇော်တာပါ။ဒီတော့ အဆင်း၊
အနံ့နဲ့ ပြည့်စုံတဲ့ ပန်းတွေကို သာ လှူဒါန်း သင့် ပါ
တယ်။(အောင် သ ပြေ ကဲသို့ ပန်း မဟုတ်သော၊
အဆင်း၊အနံ့ နဲ့ မပြည့်စုံတာတွေ မလှူသင့် ပါဘူး။
အောင် သ ပြေ ဆိုတာက တကယ် တမ်းက
သ ပြေ ပင် က အရွက်ပါပဲ။ပန်းနဲ့ အရွက် လောက်
တော့ ခွဲခြား တတ် သင့်တာပေါ့။အရွက်၊အညွန့်
တွေပဲ တွေ့နေရတာကို ပန်း လို့တော့ မယူဆသင့်
ပါဘူး။)ပိုက်ဆံ မတတ်နိုင် ရင် အဆင်း၊အနံ့နဲ့
ပြည့်စုံတဲ့ ပန်း တပွင့် လောက် ပဲ လှူပေါ့။
ဘုရားရှင် ကို သစ်သီး လှူရင် ရဟန်းတော်တွေကို
သစ်သီး လှူသလို လှူပါ။အခွံ ခွါပီး လှူမှ သင့် တော်
မယ်ဆို အခွံ ခွါလှူပါ။သရက်သီး ကဲ့သို့ သစ်သီးများ
ကို အခွံခွါ၊ဓါးနဲ့ ခွဲစိပ်ပီး ဘုရားရှင် အဆင် သင့်
ဘုန်းပေး သုံးဆောင်တော် မူနိုင် အောင် ပြုလုပ်
လှူဒါန်းပါ။(သစ်သီး အစိမ်းတွေ ဘုရားကို လှူ၊မှည့်တာ
ရွေး၍ စွန့်ပီး စားတာမျိုးက မသင့်တော်ပါဘူး။)
တချို့ကျ တော့ ၉ ဂဏန်းဖြစ် အောင် သစ်သီး ၉မျိုး၊
ပန်း ၉မျိုး စသည်အားဖြင့် လှူတတ်ကြသေးတယ်။
၉ ဂဏန်းက အတိတ်၊နမိတ် ကောင်းတယ် ထင် နေ၊
ယူဆ နေရင် ထေရဝါဒ ဗုဒ္ဓဘာသာ မဟုတ်တော့
ပါဘူး။(အမှတ်စဉ် ၁၀ မှာ ထေရဝါဒနဲ့ မဆိုင် တာ
တွေ ရှင်းပြထားပါတယ်။)၉ မျိုး၊၉ ပွင့် မှ လှူလို့
ရတာ မဟုတ်ဘူးလေ။ကိုယ် စေ တနာ ရှိသ လောက်၊
တတ်နိုင် သ လောက် လှူလို့ ရပါတယ်။(၁၃ ဂဏန်း
က မ ကောင်းဘူး ဆိုပီး ဘုရားရှင် ကို သစ်သီး
၁၃ မျိုး၊ပန်း ၁၃မျိုး လှူရင် ကုသိုလ် မရ တော့ဘူး
လို့ မယူဆသင့် ပါဘူး။)
ဘုရားရှင် ကို လှူဒါန်းတဲ့ ဝတ္ထု၊ပစ္စည်း၊လှူဖွယ်တွေက
သန့်ရှင်း စင်ကြယ်ဖို့ လိုပါတယ်။(သမ္မာ အာဇီဝနဲ့
ရှာထားတာ ဆို ရင် တော့ အ ကောင်းဆုံးပါပဲ။)
မလှူခင်၊လှူဆဲ၊လှူပီး စေတနာတွေ မှန်ကန်ဖို့
လိုပါတယ်။လှူတဲ့ အခါ အကျိုးကို မျှော်လင့် တဲ့
လောဘစိတ် နဲ့ မလှူသင့် ပါဘူး။မလှူခင်၊လှူဆဲ၊
လှူပီးလို့ ဆွမ်းတော် မစွန့် ခင် မှာ"ဆွမ်းတော် စွန့် ရင်
စားမယ်"ဆို တဲ့ စိတ် မဖြစ် သင့် ပါဘူး။ဆွမ်းတော်ကို
မွန်းမလွဲမီ စွန့်ပါ။
မနက် အာရုံတက်ချိန်မှာ ဘုရားရှင် ကို မျက်နှာသစ်
တော်ရေ ကပ်လှူပါ။သောက်တော်ရေ ကပ်လှူပါ။
ဘုရားရှင် ကို အာရုံဆွမ်း လှူနိုင် ရင် လှူပါ။
သောက်တော်ရေကို မနက် အာရုံတက်၊မွန်းမလွဲမီ၊
ည နေ၊ညပိုင်း တ နေ့ ၄ ကြိမ်၊သောက်တော်ရေခွက်
အကြီးနဲ့ ကပ်လှူပါ။(ကိုယ် က တော့ ရေကို ဝ အောင်
သောက်၊တ နေကုန် ခဏ ခဏ သောက်ပီး ဘုရားရှင်
ကို သောက်တော်ရေခွက် သေးသေးလေးနဲ့ ကပ်လှူ
တာက မသင့် တော် ပါဘူး။)မိမိရဲ့ နေအိမ် ရှိ ဘုရား
ကျောင်းဆောင် မှာ သက်တော် ထင်ရှား မြတ်စွာ
ဘုရားရှင် ကိုယ်တိုင် ကြွရောက် သီတင်းသုံးနေ
သလို မှတ်ယူပီး ရိုသေစွာဖြင့် လှူဒါန်းပါ။
မှတ်ချက်။ ။ကျွန်တော် လူဝတ်သာ ရှိပါ သေးတယ်။
ရဟန်း မဝတ် ရ သေးပါဘူး ခင်ဗျာ။
အောင် သ ပြေ ဆိုတာက သ ပြေညွန့်။
အညွန့်၊အရွက် ပဲ။ဒါ က ပန်း မဟုတ်ဘူး။
အရွက်၊အညွန့်ကို ပန်း သ ဘောမျိုးနဲ့
ဘုရားရှင် ကို လှူဒါန်း နေ ကြသူတွေ
ရှိနေတယ်။အောင် သ ပြေ ကို အောင်
အတိတ်၊အောင် နမိတ် အ နေနဲ့ လုပ် ကိုင်
ကြံစည် သမျှတွေ အောင် မြင် အောင်
လောကီ အစီအရင် အ နေနဲ့ လှူနေ ကြတာ
တွေ ရှိနေတယ်။အောင် သ ပြေ ကို ဈေးသက်
သာလို့၊ကြာရှည် ခံလို့ လှူကြတာလည်း
ရှိတယ်။အကုန် အကျ သက်သာ လို့
လှူတာလည်း ရှိတယ်။
ဗေဒင်၊ယတြာ အ နေနဲ့ အောင် သ ပြေကို
လှူနေကြတာလည်း ရှိတယ်။
နာက်တခု ကျွန်တော် ရေးထားတဲ့ အထဲမှာ
မြက် မလှူရဘူး လို့ မ ရေးထားမိ ပါဘူး။
သစ်ရွက်၊ကောက်ရိုး၊မြက် စတဲ့ အခင်းအဖြစ်
အသုံးပြုလို့ ရ တဲ့ အရာတွေ၊မိုးလုံ စေဖို့၊
နေပူဒဏ် သက်သာစေဖို့ အမိုး အဖြစ်
အသုံးပြုလို့ ရတဲ့ အရာတွေ၊လေဒဏ် ကာကွယ်
ဖို့ အကာ အဖြစ် အသုံး ပြုလို့ ရ တဲ့ အရာ တွေ
လှူလို့ ရပါတယ်။နောက် ထပ် လှူ လို့ရတာ တွေ
အများကြီး ရှိသေးတယ်။
ဒီPostက ဆွမ်း၊သောက်တော်ရေ၊သစ်သီး၊
ပန်း လှူတာတွေနဲ့ ပတ်သက်တာပဲ
ရေးတာဖြစ်လို့ တခြားဟာတွေ ထည့် မ ရေးတာ
ပါ။
ကျွန်တော် ရေးထားတာတွေ က သာမာန်
အ နေ နဲ့၊မိမိတို့ ယူစွဲထားတဲ့ အယူအဆ တွေ
နဲ့ မတူညီ တော့ လက်ခံဖို့ ခက် ခဲ နေ တတ်
ပါတယ်။
ကျွန်တော် ရေးထားတာနဲ့ မိတ်ဆွေတို့ ယူစွဲ
ထားတဲ့ အယူအဆချင်း တူနေလို့ အမှန် ပဲ လို့
မသတ်မှတ်လိုက် နဲ့ အုံး။
ထေရဝါဒ ဗုဒ္ဓ သာသနာတော်ကြီး သန့်ရှင်း၊
တည်တံ့၊ပြန့်ပွားရေး အတွက် တတ်နိုင်
သ လောက် ကြိုးစား ပေးနေတာပါ။
အယူဝါဒ အမှားတွေ၊အယူအစွဲ အမှားတွေ
ကို ဖြေ ရှင်း ပေးနေပါတယ်။










On Facebook












Monday, September 7, 2015

Computer ကို ဦးနှောက် အပို သုံးနည်း

Computer တစ်လုံးကို ဦးနှောက်များများနဲ့ အလုပ်လုပ်ခိုင်းချင်ရင်တော့ ဒီနည်းလေးနဲ့ ပြောင်းပေးလိုက်ပါဗျာ Computer ဟာ ဦးနှောက်များများနဲ့ အလုပ်လုပ်ရတဲ့အတွက် System ရဲ့ လုပ်ဆောင် ချက် ကို ပိုမိုမြန်ဆန်စေပါတယ် တချို့စက်တွေမှာ ဦးနှောက်နှစ်လုံး၊ ဦးနှောက်လေးလုံး ပါကြပေမယ့် တချို့စက်တွေမှာတော့ ဦးနှောက်တစ်လုံးပဲ ပါပါတယ် မိမိ Computer  မှာ ရှိသလောက်ကိုပဲ ယူလို့ရမှာဖြစ်ပါတယ်  နောက်ထပ် အပိုထည့်ချင်လို့တော့ မဖြစ်နိုင်ပါဘူး
လုပ်နည်း လေးကတော့ အောက်က ပုံလေးတွေ အတိုင်းပါပဲ  windows + R နဲ့ အရင်ဆုံး Run Box ကို ဖွင့်ရပါမယ် msconfig စာသားကို ရိုက်ထည့်ပါ  ပြီးရင် OK နှိပ်ပါ ဒါမှမဟုတ် Enter ခေါက်ပါ  ပေါ်လာမယ့် ဘောက်စ် ထဲမှာ အောက်ကပုံလေးတွေအတိုင်း ဆက်လုပ်ပေးလိုက်ပါ
အပေါ်ပုံလေးတွေအတိုင်းပြောင်းပြီးသွားရင်တော့ မိတ်ဆွေ တို့ Computer ဟာ ဦးနှောက်အပိုများနဲ့ အလုပ်လုပ်နေပါပြီးဗျာ.