ဘုန်းကြီးဟဲ့ သင်္ကန်းစည်းထားတယ် မဝေဖန်နဲ့။
ငရဲကြီးမယ်ဟဲ့ ဘာဟဲ့ညာဟဲ့ ပြောနေကြလို့
ချေပချင်လို့
စာခြောက်ရုပ် သင်္ကန်းစည်းထားရင်
ခင်ဗျားတို့ထိုင်ကန်တော့မလား။
အရက်သမား သင်္ကန်းပတ်ပေးထားရင် သင်္ကန်းနဲ့မို့ပါ ထိုင်ကန်တော့မလား။
မုဒိန်းကောင် သင်္ကန်းပတ်ပြီး မုဒိန်းလာကျင့်ရင်
သင်္ကန်းနဲ့မို့ ကြည်ညိုလှချည်ရဲ့ ထိုင်ကန်တော့မလား။
ခပ်ရိုင်းရိုင်း ဥပမာထပ်ပေးရဦးမယ်။
သင်္ကန်းကြီး လှမ်းထားရင်း ခွေးတစ်ကောင်က ပြေးလွှားရင်း သင်္ကန်းထဲဝင်တိုးမိရင်း ပတ်မိသွားတယ်ဆိုပါတော့။
သင်္ကန်းထဲက သတ္တဝါဟာ ခွေးဖြစ်ကြောင်းပြောပြီး သင်္ကန်းထဲက ဆွဲထုတ်မလား။
သင်္ကန်းကြီးနဲ့ပါဆိုပြီး ထိုင်ကန်တော့မလား။
(ဒီလောက်ပြောပြနေတာတောင် ဒီထိဖတ်လာပြီး ရိုင်းလှချည်လားတွေးမိရင် ကျုပ် ဖတ်ဖတ်ဖတ်ဆိုပြီး ပုတ်ပြနေတဲ့ပုံကို မြင်ယောင်လိုက်. . .သိလား။
ရိုင်းတယ်အပြောခံရကျိုးနပ်အောင်)
ကျုပ်တို့ ကိုးကွယ်တဲ့ ဘာသာကို ဖျက်နေတာ ကျုပ်တို့က မဝေဖန်လို့ ဘယ်ကောင့်အမေလင်က ဝေဖန်မလဲ။
ကျုပ်တို့ လေးမြတ်တဲ့ ဘာသာတရား ပျက်စီးလုဆဲဆဲဖြစ်နေတာ
ကျုပ်တို့မှ မဝေဖန်ရင် ဘယ်ကောင်ဝေဖန်မလဲ။
အမျိုးဘာသာသာသနာကို ချစ်လွန်းလို့
ဘာသာဖျက်မယ့် အလဇ္ဇီသင်္ကန်းပတ်တစ်အုပ်ကို အမုန်းခံဝေဖန်ပြနေတာ
ရိုင်းတယ်ထင်ရင်လည်း ဆယ်ခါပြန်ထင်ကြစမ်းပါ။
ဘာသာကိုဖျက်မယ့် သင်္ကန်းပတ်အတုအယောင်တွေကို
ထောက်ပြဝေဖန်ခြင်းဟာ
သာသနာပြုခြင်းပဲ။
အေး. . . ရဟန်းတုရဟန်းယောင်ကို ဝေဖန်လို့ ငရဲကြီးရင်လည်း
ငရဲမင်းဟာ သာသနာဖျက်ပဲ။
အဲ့လိုပဲ သဘောပိုက်တယ်။
#ပန်ဆယ်လို

No comments:
Post a Comment