တရားသဖြင့် ဖြစ်ရအောင် မေးချင်မိပါတယ်
"'ဗိုလ်ချုပ်အောင်ဆန်းသမိုင်းလည်းပျောက် ဗိုလ်ချုပ်အောင်ဆန်းမျိုးဆက်လည်းပျောက်အောင် အမျိုးမျိုးယုတ်မာခဲ့တာတွေ သိကြပါရဲ့လား။"'(ဒီပဲယင်း)
"မျိုးမစောင့်ဘဲ ဘာသာခြား၊ လူမျိုးခြားတွေနဲ့ ပေါင်းစားပြီး ကိုယ့်တိုင်းပြည်၊ ကိုယ့်ရေမြေတွေကို ဖျက်စီးနေတာ ဘယ်သူတွေလဲ၊"
"ရွှေနိုင်ငံကနေ နိုင်ငံတကာလိုက်ပြီး ကျွန်ခံနေရတဲ့ ကျွန်နိုင်ငံဖြစ်အောင် အုပ်ချုပ်ခဲ့တာ ဘယ်သူတွေလဲ။"
"ပေါက်ဈေးအမျိုးမျိုးပေးပြီးမှရလာတဲ့ ရာထူးတွေ၊ အာဏာတွေ နဲ့ တိုင်းပြည်အုပ်ချုပ် ကိုယ့်လူမျိုးအချင်းချင်း ဂုတ်သွေးစုပ်နေကြတာ ဘယ်သူတွေလဲ။"
"ဥပဒေအထက်ကနေ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး ကိုယ့်လူမျိုးတွေကို အမျိုးမျိုး နှိပ်ကွပ်နေတာ ဘယ်သူတွေလဲ၊"
"ဘာသာ သာသနာကို ချစ်သလိုနဲ့ ခြောက်လိုက် မြှောက်လိုက် သတ်လိုက် ဖြတ်လိုက် မီးဗုံးနဲ့ ပူဇော်လိုက် လိုသလို မှိုင်းတိုက်လိုက် လုပ်နေတာ ဘယ်သူတွေလဲ"
"ဗုဒ္ဓဘာသာအမည်ခံပြီး ဘုရားမျက်နှာမှ မထောက် ငါးပါးသီလတောင် မလုံဘဲ ရရင် ရသလို ခိုးဆိုး၊ လာဘ်စား၊ ခြစား၊ ရသမျှစားလို့ ဆွေမျိုးတစ်စု ကောင်းကျိုးပြုပြီး တိုင်းပြည်ကြီး ချွတ်ခြုံကျ စုတ်ပြတ်သတ်စေတာ ဘယ်သူတွေလဲ။''
ဒီလောက် ယုတ်မာပက်စက်နေကြတဲ့ ကြားထဲက ခုချိန်အထိ ကိုယ်ကျိုးမဖက်ဘဲ တိုင်းပြည်အတွက် ရပ်တည်နေတဲ့ အဖွားအရွယ်၊ အမေအရွယ်ကြီးကိုမှ အားမနာ ဆဲဆိုနေလိုက်ကြတာ။ အံ့သြစရာပါပဲ။
စိတ်ချပါ ကံ ကံ၏ အကျိုးဆိုတာ တစ်ကျော့ ပြန်လာဦးမှာပါ။
ငရဲ ရှိတယ်၊ တိရစ္ဆာန် ရှိတယ်၊ ပြိတ္တာ ရှိတယ်၊ အသူရကာယ် ရှိတယ် သေကြရဦးမယ် သတိထားကြပါ။
No comments:
Post a Comment