Thursday, October 1, 2015

ဝီရသူ ယိမ်းအက" (အပြင်းစားသံချပ်)



"ဝီရသူယိမ်းအက" (အပြင်းစားသံချပ်)
_________________________________
သံချပ်ရေးသားသူ - Ko Tun Wai
မင်္ဂလာဒိုး အနုပညာအင်အားစု ရဲရဲတောက် ဒီမိုယိမ်းအဖွဲ့မှ သီဆိုသည်။
××××××××××××××××××××××××××

(ခရိုနီတွေပါသည် စစ်သည် ဗိုလ်ပါ အကုန်ပါသည်
လယ်သိမ်းကြဖို့ ထွက်လာပြီ ...
ကုန်ပါစေ လယ်တွေ ... သိမ်းနိုင်ပါသည် ဘာမထီ ...
လယ် ... လယ် ... လယ်တွေကုန်ပါပြီ .... ) x ၂
သိမ်း သိမ်းကြသည် .... အဘ အဘတို့သည်
ရိုးရိုးသားသား လုပ်ကြသူတွေ မျက်ရည်မဆည်
သိမ်း သိမ်းကြသည် ... ရမ်း ရမ်း ကြသည်
အားလုံးသိမ်းလို့ အားမရရင်ကွယ် (ဒိုဇာနဲ့) ထိုးပါသည် ...
ဆရာတော် ၀ီရသူပါသည် ....
ဂေါက်ကြောင်မောင်တွေထောင်သည်
ပြည်ဖျက်ကြဖို့ ထွက်လာပြီ ....
လောင်ပါစေ မြန်မာပြည် ...
ဂေါက်ကြောင်မောင်တွေ ထောင်ပါသည်
အပူ အပူ အပူတွေလောင်ကုန်ပြီ ....
ပို့ ပို့လိုက်သည် ... ပို့ ပို့လိုက်သည် ....
ကျုပ်တို့ အဘက ပို့လိုက်ပါသည် လွှတ်တော်ဆီ
ပုတ် ပုတ်ထုတ်သည် ပုတ် ပုတ်ထုတ်သည် ...
မန်းမန်းလေးက က ပုတ်ထုတ်ပါသည် ၀န်ကြီးတွေဆီ .....
ဝင်စရာတွေကို ကာကွယ်မည်
ဟိုဒင်းတွေကိုသာ ကာကွယ်မည် .....
ဆရာတော် ပြောင်စိန် ဗြောင်လိမ်နေပါသည် ......။
...............
(သံချပ်စတိုင်) ...........................
1.ပိုလျှံလို့ လွန်းလို့ရောင်းရတာ ဖယောင်းတိုင်းထွန်းပြီး ငြိမ်ငြိမ်နေကြ
2. တစ်နပ်စား ဆို နားမထောင် သူ့ အဖေကြောင့် ဂုဏ်ရောင်ပြောင်သဗျ
3လူတွေက လည်း ရူးနေတာ သားရေကွင်း လည်း တပ်ကပိုင်သဗျို့
4တစ်လုပ်စားဖူး သူ့ ကျေးဇူး တယုတ် ကျေးဇူးဆပ်ဖူးချင်တယ်
5ရိုးရိုးသားသား ချမ်းသာတာ လူတွေကလည်း ခက်ပါသဗျ
6စာဖတ်သူလည်း စိတ်မချမ်းသာ ရှေ့ရေးကို လည်း စိတ်ပူတယ်ဗျိုး
7 ခံစားချက်နဲ့ နိုင်ငံရေးလုပ် ဟို ဘုန်းကြီးကို သူပွဲထုတ်တယ်ဗျိုးး
8.၅၉ စ မပြင်အပ် မဆလာ လက်ကျန် အနံ့ထွက်လာပြီဗျ
9. နွားနို့ သောက်ဖို့ သူပြောတော့ နွားမကြီးလည်း မဲ့ရှုံ့ရှံပေါ့ 
10. ခရေဇီဖြစ်ဖို့ သူကြိုးစား ပါးရိုက်ပစ်မယ် သတိထား) colonthree emoticon

No comments:

Post a Comment